အခန်း-၂၄ ရေခဲရေတံခွန် ပြိုကျခြင်း။

4.6K 878 31
                                    

Unicode

အခန်း-၂၄ ရေခဲရေတံခွန် ပြိုကျခြင်း။

[ရေခဲ အက်ကွဲကြောင်းများ။]

ရေခဲဖိနပ်သည် နှစ်စုံသာရှိလေ၏။ ချီထုန်းနှင့် စုယန်တို့သည် တစ်ယောက်နှင့်တစ်ယောက် ယှဉ်လျက် ရေခဲပြင်ပေါ်၌ အရှိန်ပြင်းစွာ ပြေးလွှားနေကြသည်။ အခြားသူများသည် ရေခဲရေတံခွန်ပေါ် ပြိုင်တက်ရန် အတွက် ရေတံခွန်အောက်တွင် စုဝေးနေကြလေသည်။

စုယန်နှင့် ချီထုန်းသည် တခဏမျှ စကိတ်စီးပြီးနောက် ပြိုင်ပွဲကြည့်ရှုရန် ရေခဲရေတံခွန်အနီးသို့ တဖြည်းဖြည်း ချဉ်းကပ်လာကြသည်။

ယှဉ်ပြိုင်မည့် ပထမဆုံးအတွဲမှာ ရွှီယွင်ကျန်းနှင့် ကုဖေးတိဖြစ်ပေသည်။

သူတို့နှစ်ဦး၏ ကိုယ်ဖော့ပညာသည် တူညီသော်လည်း
'ပြန်လည်ထူထောင်ရေးကျမ်းစာ'ကို အောင်မြင်မှု ရရှိပြီးနောက် ကုဖေးတိ၏ အတွင်းအားသည် ရွှီယွင်ကျန်းထက် ပိုမိုသိပ်သည်းလေသည်။ ထို့ကြောင့် သူ၏ဓားမြှောင်သည် ရေခဲရေတံခွန်ထဲသို့ ပို၍ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်နိုင်ပြီး သူ့အား ပိုမိုတည်ငြိမ်သော ထောက်ပံ့မှုတစ်ခု ရရှိစေသည်။

နောက်ဆုံး၌ ကုဖေးတိသာ အောင်နိုင်သူဖြစ်မည်ကို သံသယရှိစရာမလိုပေ။

နှစ်ဦးသားသည် ဓားမြှောင်များအားထောက်ကာ ရေခဲရေတံခွန်မှ ဖြည်းညှင်းစွာ ဆင်းလာခဲ့ကြ၏။
မြေပြင်ပေါ်ရောက်သည်နှင့် တစ်ယောက်နဲ့တစ်ယောက် လက်သီးချင်းတိုက်ကာ ပြုံးပြလိုက်ကြသည်။

ထို့နောက် ချက်ချင်းပင် ဖူလင်းယွင်သည် ဖန်ရှီအား တိုက်ရိုက်စိန်ခေါ်လေသည်။

သူတို့နှစ်ဦးစလုံးသည် လီရှစ်ကျဲ၏လက်အောက်တွင် တစ်ချိန်တည်းလေ့ကျင့်ခဲ့ကြပြီး ပေါ့ပါးသွက်လက်သော သိုင်းပညာများကို သင်ယူခဲ့ကြသည်။ ဖူလင်းယွင်၏ အတွင်းအားသည် ဖန်ရှီထက် သာလွန်သော်လည်း ဖန်ရှီ၏ ကိုယ်ဖော့ပညာသည်မူ ဖူလင်းယွင်ထက် ပို၍ လက်ရာမြောက်ပေသည်။ သူတို့နှစ်ယောက်၏ အရည်အချင်းသည် သိက်မကွာလှသောကြောင့် အချင်းချင်း ယှဉ်ပြိုင်မကြည့်ဘဲ မည်သူက ပိုကောင်းသည်ကို အတိအကျဆုံးဖြတ်ရန် မဖြစ်နိုင်ပေ။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now