အခန်း-၉၀ အလှည့်အပြောင်းနှင့် ရွေးချယ်မှု။

1.8K 326 2
                                    

Unicode

အခန်း-၉၀ အလှည့်အပြောင်းနှင့် ရွေးချယ်မှု။


[ငါ့ကိုပါခေါ်သွား..မဟုတ်ရင် ဘယ်သူမှ မသွားရဘူး။]

ယနေ့နံနက် ပထမဆုံးသောနေရောင်ခြည်များ
ထွက်ပေါ်လာသောအခါတွင် ယွီချုံးတောင်ထိပ်သည် မြူခိုးများဖြင့် ဝန်းရံနေပြီး အပူချိန် အနည်းငယ် ကျဆင်းသွားသည်။

ကုဖေးတိ နိုးလာသောအခါ ထုံးစံအတိုင်း စုယန်အတွက် ဆေးယူရန် ထွက်သွားခဲ့သည်။ သူက အပူပေး မီးဖိုငယ်တစ်ခုကိုလဲ ယူဆောင်လာပြီး စုယန်၏ စောင်အတွင်းထဲသို့ ထည့်ပေးလိုက်လေ၏။ စုယန်သည် မနိုးသေးသော်လည်း သူ့မျက်နှာမှာ နီရဲနေသည်။ ယခင်ကလို ဖြူဖတ်ဖြူရော်နှင့် အားနည်းနေသည့်ပုံ
မပေါ်ပါတော့ချေ။

နံနက်ခင်းလုပ်ငန်းစဉ်များ ပြီးစီးပြီးနောက်
ကုဖေးတိသည် လေ့ကျင့်ရေးဝတ်စုံကို ပြောင်းလဲကာ ဓားရှည်လေ့ကျင့်ရန် ခြံဝင်းသို့ သွားခဲ့သည်။

သူသည် ဓားရှည်လေ့ကျင့်ခန်း နှစ်ခုစလုံးကို ပြီးမြောက်ခဲ့ပြီး သူ၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်သောအခါတွင် ရုတ်တရက် အနီးနားရှိ အခန်းပြတင်းပေါက်မှ လက်ခုပ်သံများ ထွက်ပေါ်လာသည်။

မြေခွေးမွေးခြုံထည်ဖြင့် သူ့ကိုယ်သူ ထုပ်ပိုးထားသော စုယန်သည် ပြတင်းပေါက်တွင် ရပ်နေကာ ပြုံးလျက် ဆိုလာပါ၏။

"ကောင်းလိုက်တဲ့ ဓားသိုင်း"

ကုဖေးတိက ပြန်ပြုံးပြလိုက်ပြီး ဓားကိုယူကာ အခန်းထဲသို့ ပြန်၀င်လာခဲ့သည် ။

စုယန်သည် ဆေးရည်ပန်းကန်ကိုယူကာ မော့သောက်လိုက်ပြီးနောက် ကု‌ဖေးတိထံမှ အနမ်းတောင်းရန် နှုတ်ခမ်းကို စူလိုက်လေ၏။

ပြီးသည့်နောက် ကုဖေးတိက သူ၏လက်ကျပ်ကို
ဖြုတ်လိုက်ပြီး ခေါက်ကန့်လန့်ကာပေါ်သို့ တင်ရန် ပြင်လိုက်လေသည်။ ထိုအချိန်တွင် သူ၏ လက်ချောင်းများသည် ခေတ္တတန့်သွားပြီး လက်ကျပ်နှစ်ခုအနက်မှ တစ်ဖက်ကို ငေးကြည့်နေမိသည်။ သူတစ်ခုခုကို ပြန်အမှတ်ရ
သွားသည့်ပုံပင်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now