အခန်း-၅၃ ညအချိန် လေကဲ့သို့ ခိုးဝင်ခြင်း။

3.9K 776 63
                                    

Unicode

အခန်း-၅၃ ညအချိန် လေကဲ့သို့ ခိုးဝင်ခြင်း

[မင်းတို့ကို စောင့်နေခဲ့တာကြာပြီ...]

ထိုညတွင် စုယန်သည် အနက်ရောင်အဝတ်အစားများကို ဝတ်ဆင်ကာ ကုဖေးတိ၏ အကြံအစည်ဖြစ်နိုင်ချေရှိမရှိ စမ်းသပ်ရန် မျက်ဝန်းကျွန်းဆွယ်မှ ခိုးထွက်လာခဲ့သည်။

ကုဖေးတိသည် သူ၏ကိုယ်‌ဖော့ပညာကိုအသုံးပြုရန် အဆင်မပြေသောကြောင့် စုယန်၏နေအိမ်တွင်သာ နေရစ်ခဲ့လေသည်။ တစ်စုံတစ်ယောက်လာ၍ ရှာဖွေပါကလည်း သူသည် စုယန်အတွက် ကူညီပေးနိုင်သေးသည်။ ကုဖေးတိသည် လက်ထဲ၌ စာအုပ်တစ်အုပ်ကို ကိုင်ထားပြီး မီးခွက်အောက်တွင် ထိုင်နေသည်။ သူ၏မျက်လုံးများသည် စာမျက်နှာ ထက်တွင် ငြိတွယ်နေသော်လည်း စာရွက်ကို တစ်ချက်မျှပင်မလှန်ချေ။

မိစ္ဆာဂိုဏ်း၏ ဌာနချုပ်တွင် ညမထွက်ရအမိန့်ရှိသည်။ ဤအခိုက်အတန့်တွင် ပြတင်းပေါက်အပြင်ဘက်၌ တိတ်ဆိတ်နေသည်။ ရံဖန်ရံခါ အင်းဆက်ပိုးမွှားများ၏ အော်မြည်သံများကို ကြားရတတ်သော်လည်း ခဏအကြာတွင် တိတ်ဆိတ်သွားခဲ့သည်။ အအေးဒဏ်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

ဖယောင်းတိုင်မီးသည် မကြာမီ ကုန်ဆုံးတော့မည့် အရိပ်အယောင်ပင်။ စုယန် တံခါးကိုဖွင့်ပြီး အခန်းထဲသို့ ဝင်လာသောအခါ အေးစိမ့်သောလေထုက ရစ်ပတ်တိုးဝင်လာသည်။

ကုဖေးတိသည် သက်ပြင်းတစ်ချက်ချပြီး သူကိုင်ထားသည့် စာအုပ်ကိုချလိုက်၏။ မီးထွန်းညှိရန် ဖယောင်းတိုင်အသစ်ကို ကောက်ယူပြီးနောက် မီးခွက်ထဲက အဟောင်းကို အစားထိုးလိုက်သည်။

"ကုဖေးတိ မင်းက ဉာဏ်ကြီးရှင်ပဲ!"

စုယန်က သူ့မျက်နှာဖုံးကို ချွတ်လိုက်ပြီး ကုဖေးတိကို မျက်လုံးအပြူးသား ကြည့်နေ၏။

"မင်းတွေ့ခဲ့တဲ့ အားနည်းချက်က ငါတို့အတွက် တကယ့်ကို ရွှေအခွင့်အရေးကြီးပဲ! လွတ်နေတဲ့ နေရာတွေ အများသား! မင်းရဲ့ အတွင်းအားကို မသုံးရင်တောင် ငါတို့ လုံလုံခြုံခြုံ ဖြတ်သန်းနိုင်တယ်!"

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now