အခန်း-၁၀၈ စုန်းဖြူမျှော်စင်အား ဝင်ရောက်စီးနင်းခြင်း။

1.9K 202 14
                                    

Unicode

အခန်း-၁၀၈ စုန်းဖြူမျှော်စင်အား ဝင်ရောက်စီးနင်းခြင်း။

[အပြင်းထန်ဆုံးသော တိုက်ပွဲများဖြစ်ပွားခြင်း]

စုယန်နှင့် ကုဖေးတိတို့ မြေရိုင်းလွင်ပြင်ရှိ နတ်ဆိုးမြို့တော်မှ မြောက်ဘက် ရေခဲလွင်ပြင်သို့ ခရီးထွက်လာသည်မှာ ယနေ့သည် ဆယ့်ငါးရက်မြောက်နေ့ပင်ဖြစ်သည်။

တိမ်မည်းများက လကို ဖုံးကွယ်ထားပြီး မနေ့ညကတည်းက နှင်းများ ထူထပ်စွာ စတင်
ကျဆင်းလာခဲ့သည်။

ယခုအချိန်သည် နေထွက်ချိန်ရောက်ပြီဖြစ်သော်လည်း တိမ်တိုက်များက နေကို ပိတ်ဆို့ထားကာ ပတ်ဝန်းကျင်ကို မီးခိုးရောင်ဖျော့ဖျော့သာ အလင်းရောင်ရစေသည်။ ဆီးနှင်းများသည် မရပ်တန့်သေးဘဲ ပိုပို၍ လေးလံလာကာ မြင်ကွင်းကို ပို၍ ပိတ်ဆို့လာပြီး ဆယ်ပေအကွာကိုပင် မှုန်ဝါးဝါးသာ မြင်ရတော့သည်။

ဤနေ့သည် မိစ္ဆာဂိုဏ်းချုပ်နှင့်အတူ အဲ့လော့ကွေး၏ တော်ဝင်နန်းတော်အား တိုက်ခိုက်ရန် ရွေးချယ်ထားသောနေ့လည်းဖြစ်သည်။

ဤခေတ်အခြေအနေတွင် တာဝေးဆက်သွယ်ရေးသည် အလွန်အဆင်မပြေလှပါ။ ဤတိုက်ခိုက်မှုအစီအစဉ်၌ တခြားဘက်မှ အပြောင်းအလဲများရှိခဲ့ပါကလည်း သီးသန့်ဆက်သွယ်မှု သို့မဟုတ် ဆွေးနွေးမှုများကို လုပ်ဆောင်ရန် လက်တွေ့အားဖြင့် မဖြစ်နိုင်ပေ။

ထို့ကြောင့် အခြေအနေအများစု၌ နှစ်ဖက်စလုံး
လိုက်လျောညီထွေရှိနေရန် လိုအပ်ပေသည်။

ကံကောင်းထောက်မစွာ ပြင်းထန်လှသော နှင်းမုန်တိုင်းသည် အဲ့လော့ကွေး၏ တစ္ဆေဇီးကွက်များ ပျံသန်းခြင်းကို တားဆီးခဲ့ပြီး ရန်သူ၏ ဆက်သွယ်ရေးအရင်းအမြစ်ကို ဆုံးရှုံးသွားစေသည်။ ဤသို့ဖြင့် စုယန်နှင့် ကုဖေးတိတို့ စုန်းဖြူမျှော်စင်သို့ ချဉ်းကပ်ရန် ပိုမိုလွယ်ကူစေခဲ့သည်။

လက်ရှိအချိန်‌၌ သူတို့နှစ်ဦးစလုံးဟာ ခေါင်းနဲ့ မျက်နှာတွေကို ဖုံးအုပ်ထားသော အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး မျက်လုံးများကိုသာ ထုတ်ဖော်ထားကြသည်။ သူတို့သည် နှင်းများနောက်ကွယ်တွင် ပုန်းလျှိုးကွယ်လျှိုး သွားလာရင်း အခြေအနေကိုအကဲခတ်နေကြ၏။ ၎င်းသည် အဲ့လော့ကွေး တော်ဝင်နန်းတော်၏ အစွန်းအဖျားတွင် တည်ရှိပြီး အနီးနား၌ ဟေးယွီတပ်ဖွဲ့ နှစ်ဖွဲ့ သို့မဟုတ် သုံးဖွဲ့သာ စောင့်ကြပ်နေ၏။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now