အခန်း-၈၉ နှင်းလူသားနှင့် ကတိကဝတ်။

2.2K 369 11
                                    

Unicode

အခန်း-၈၉ နှင်းလူသားနှင့် ကတိကဝတ်

[မင်းကို ပိုကောင်းအောင်လုပ်ပေးမယ်...]

နောက်တစ်နေ့နံနက်တွင် စုယန်နှင့် ကုဖေးတိတို့သည် နေမြင့်သည်တိုင်အောင် အိပ်စက်ခဲ့ကြသည်။ ခြံအပြင်ဘက်မှ တံခါးခေါက်သံ ကြားသည့်အခါမှသာ ကုဖေးတိ ရုတ်တရက် နိုးသွားခဲ့သည်။

စုယန်လဲ နိုးသွားခဲ့ပြီး အိပ်ချင်မူးတူးအသံဖြင့် မေးလာ၏။

"ဘယ်သူလဲ?"

ကုဖေးတိက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး အံ့ဩစွာ ပြောလေသည်။

"...ကိုယ်တို့ အိပ်ယာထနောက်ကျနေတာပဲ။ အပြင်မှာ ဆေးတောင် လာပို့နေပြီ"

သူက ချက်ချင်း ကုတင်ပေါ်မှထကာ အဝတ်အစားများကို အလျင်စလိုဝတ်ပြီး ဆံပင်များကို သပ်သပ်ရပ်ရပ် ပြုပြင်လိုက်သည်။ ပြီးသည်နှင့် ခြံတံခါးဖွင့်ရန် ထွက်သွားလေ၏။

လော့ယွီသည် ဆေးအိုးတစ်လုံးနှင့်အတူ ခြံဝင်းထဲသို့ ဝင်လာပြီး ကုဖေးတိအား မေးလိုက်သည်။

"ဒီနေ့ ဘာလို့နောက်ကျနေတာလဲ?"

ကုဖေးတိက လော့ယွီကိုယ်တိုင်လာရန် မျှော်လင့်မထားသောကြောင့် ထိုသို့မေးခွန်းထုတ်ခံရသောအခါ ပြန်မဖြေတတ်တော့ပေ။

လော့ယွီက သူ၏အဖြေကို စောင့်မနေချေ။ ယင်းအစား သူက အခန်းထဲကို တိုက်ရိုက်သွားပြီး
ဆေးအိုးကို စားပွဲပေါ်သို့ တင်လိုက်သည်။

လော့ယွီ ဝင်လာသည်ကိုမြင်သောအခါ စုယန်လဲ ထိတ်လန့်သွားခဲ့သည်။ သူက ကုတင်ပေါ်မှ ချက်ချင်းထထိုင်ကာ ရှုပ်ယှက်ခက်နေသောအဝတ်အစားများကို သပ်ရပ်အောင် လုပ်လိုက်၏။

"အကြီးအကဲ"

လော့ယွီက အကြောင်းမပြန်ပေ။ သူ့အကြည့်က
စုယန်၏မျက်နှာပေါ် ခဏလောက်ကျလာပြီးနောက် ခေါင်းကိုလှည့်ကာ အခန်းထောင့်ရှိ ခေါက်ကန့်လန့်ကာ ဆီသို့ ကျရောက်သွားလေသည်။ ၎င်းဘေးရှိ အင်တုံထဲတွင် ညစ်ပေနေသော အဝတ်အစားများနှင့်
အိပ်ယာခင်းများ ရှိနေပေ၏။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now