Translator Note:
3.2K 512 19
Unicode
Hello..
ဒီနေ့တင်လိုက်တဲ့ အပိုင်း (၄၃) မှာ ကုဖေးတိရဲ့ ခံစားချက်ကို နားမလည်ကြဘူးထင်တယ်။ ကိုယ်ကလည်း အဲဒါကို စိတ်ပူလို့ တစ်ခါတည်း note ထည့်ပြီး ရှင်းပြမလို့ပဲ။ ဒါပေမယ့် တော်ကြာ ရီဒါလေးတွေက ကိုယ့်ဟာကိုယ် မတွေးလိုက်ရမှာစိုးလို့။ တချို့တွေက မကြိုက်ကြဘူးလေ။ ပြီးတော့ အရှေ့ပိုင်းတွေ မှတ်မိရင် နားလည်လောက်ပါတယ် ဆိုပြီး ထားထားလိုက်တာ။ အခုတော့ ပြန်နွှေးပေးမှ ဖြစ်မယ်ထင်တယ် 😂
ဖြစ်ပုံက ဒီလို။ ဟိုးအရှေ့ပိုင်းတုန်းက ကောလဟာလတွေအရ ကုဖေးတိက စုယန်ကို မိစ္ဆာဂိုဏ်းချုပ်ရဲ့ သားအရင်းမဟုတ်ဘူးလို့ သံသယ ဝင်သေးတယ်လေ။ ပြီးတော့ ကျောက်စိမ်းအိမ်တော် မှာလည်း ရှစ်ဇွင်းက မိစ္ဆာဂိုဏ်းက ပင့်ကူနီပန်း အကြောင်း ပြောသေးတယ်။ အဲဒီအကြောင်း မှတ်မိကြလားမသိဘူး? တကယ်တမ်း ကုဖေးတိက စုယန်နောက်ကျောမှာ ပန်းပွင့်တက်တူးရှိမှန်းပဲ သိတာ။ ဘာပန်းမှန်းမသိဘူး။ သူက ရှစ်ဇွင်းပြောတဲ့ ပင့်ကူနီပန်းကို စိတ္တဇတွေဖြစ်ပြီး မိစ္ဆာဂိုဏ်းချုပ်က စုယန်ကို မီးပြင်းဖိုအဖြစ် သုံးနေတယ်လို့ ထင်ပြီး ဒေါသတွေထွက်နေတာ။
အခု စုယန်ကျောက ပန်းက အနီရောင် ကုမုဒြာပန်းဖြစ်ပြီး သူရဲ့ဂိုဏ်းကို ကိုယ်စားပြုရုံပဲ ဆိုတာကိုသိပြီး ပျော်သွားတာပါ။
ဒါပေမယ့် အဲဒီပန်းက ကုဖေးတိထင်သလို တကယ်ပဲ ရိုးရှင်းရဲ့လား? 🤔
Zawgyi
Hello..
ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now