အခန်း-၇၉ ဖုံးကွယ်ထားခံရသော အမာရွတ်များ။

2.6K 461 12
                                    

Unicode

အခန်း-၇၉ ဖုံးကွယ်ထားခံရသော အမာရွတ်များ။

[မင်း အခု ကြောက်နေပြီလား?]

ထိုအနမ်းက ယခင်က အနမ်းများနှင့် မတူပေ။

၎င်း၌ ပါ၀င်သော ခံစားချက်များမှာ ရှုပ်ထွေးပြီး တုန်လှုပ်စရာကောင်းသည်။ နူးညံ့သိမ်မွေ့မှုနည်းပါးပြီး ဆာလောင်မွတ်သိပ်နေသောသူ၏ လောဘ သို့မဟုတ်ခြောက်သွေ့နေသော ရေကန်ထဲ၌ ရုန်းကန်နေရသော ငါးတစ်ကောင်သကဲ့သို့ပင်။

စုယန်သည် သူ့ကိုယ်ပေါ်ရှိ လေးလံသော ဖိအားကြောင့် နာကျင်မှုကို ခံစားနေရသည်။ ၎င်းက အလွန်အကြူး မဟုတ်သော်လည်း သူ့အား မသက်မသာဖြစ်စေရန် လုံလောက်ပါ၏။ သူ၏ လည်ပင်းနောက်ဘက်အား လက်ချောင်းများဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားခံရရာ၊ သူ၏ အနူးညံ့ဆုံးသော ခန္ဓာကိုယ် အစိတ်အပိုင်းက တစ်စုံတစ်ယောက်ဆီမှာ ဆုပ်ကိုင်ထားခံရသည် ဟူသော ခံစားချက်က သူ့အား ပို၍တောင် ရင်ဖိုလာစေသည်။

သို့သော် စုယန် ကြောက်ရွံ့သည်မှာ အနမ်းအောက်၌ ထိန်းချုပ်ထားသော မီးတောက်တစ်ခု ပေါက်ကွဲတော့မည်ကို သူ ကူကယ်ရာမဲ့ ကြည့်နေရုံသာ တတ်နိုင်ခြင်းပင်။

ကုဖေးတိ၏ နှုတ်ခမ်းသည် စုယန်၏နှုတ်ခမ်းထံမှ လျင်မြန်စွာ ရွေ့လျားသွားပြီး နားရွက်အစွန်းတလျှောက် စုပ်လိုက်၊ ကိုက်လိုက်ဖြင့်။

ရေပူစမ်း၏ ပူနွေးသောရေများ စိုစွတ်နေသော သူ့လက်များသည် စုယန်၏ခန္ဓာကိုယ်အား စိတ်အား ထက်သန်စွာ ပွတ်သပ်လျက်ရှိသည်။ အစောပိုင်းက အပ်စိုက်ကုထုံး ပြုလုပ်ထားသဖြင့် စုယန်၏ဝတ်စုံမှာ ခါးအထိ ဆွဲချခံထားရလေသည်။ ကုဖေးတိသည် ၎င်းတို့အား စမ်းမိသွားပြီး အကုန်ဆွဲဖြဲပစ်လိုက်လေ၏။

စုယန်၏ တစ်ကိုယ်လုံးမှာ တုန်လှုပ်လျက်ရှိသည်။

တခဏအတွင်း ကုဖေးတိ ဘာလုပ်ချင်နေသည်ကို သဘောပေါက်သွားပါ၏။

သို့သော် လက်ရှိအခြေအနေသည် ထိန်းမနိုင်သိမ်းမရဖြစ်နေပြီဖြစ်သည်။ ​​သူပြင်ဆင်မထားရသေးသည့်... တချို့သောအရာများလည်း ရှိနေသေး၏။ ထို့အပြင် ကုဖေးတိ၏ လက်ရှိစိတ်ခံစားချက်သည် ကောင်းမွန်နေခြင်းမဟုတ်သည်မှာ ထင်ရှားပါသည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now