အခန်း-၆၈ မင်းလိုက်သွားစရာ မလိုဘူး။

2.7K 530 13
                                    

Unicode

အခန်း-၆၈ မင်းလိုက်သွားစရာလိုဘူး

[ခြင်ကိုက်မခံရအောင် လိမ်းတဲ့ဆေး..?]

ကုဖေးတိသည် ထန်းယွင်စံအိမ်သို့ ပြန်သွားခဲ့ပြီး စုယန်ကမူ လက်ဝတ်ရတနာဆိုင်မှ စီစဉ်ပေးသည့် ရထားလုံးပေါ်တက်ကာ လမ်းခုနစ်ရှိ တည်းခိုခန်းသို့ ဦးတည်သွားခဲ့သည်။

တည်းခိုခန်းသည် လျှို့ဝှက်အစောင့်ထံမှ စောစောစီးစီးသတင်းရရှိခဲ့ပြီး အဆင့်အမြင့်ဆုံးဇိမ်ခံအခန်းကို အဆင်သင့်ပြင်ဆင်ထားခဲ့လေ၏။ ရေပူစည်ပိုင်းကိုလည်း ပြင်ဆင်ကာ အခန်းထဲသို့ ထည့်ပေးထားသောကြောင့် စုယန် အဆင်ပြေပြေ ရေချိုးနိုင်ခဲ့သည်။

စုယန်သည် နောက်ဆုံးတွင် သူ၏ရုပ်ဖျက်မှုကို ဖယ်ရှားနိုင်ခဲ့သဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။ ရေမိုးချိုးပြီး အမျိုးသားဝတ်သို့ ပြန်ပြောင်းပြီးသောအခါ တံခါးခေါက်သံ ရုတ်တရက်ထွက်ပေါ်လာ၏။

ထန်းယွင်စံအိမ်၏ ငှက်ပုံစံခြယ်လှယ်ထားသော ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်နှစ်ဦးသည် တံခါးအပြင်ဘက်တွင် ရပ်နေကာ စုယန်အား အရိုအသေပြုလေသည်။

"လက်အောက်ငယ်သား ချွဲ့ရှိုနဲ့ ချွဲ့ကျစ်က စံအိမ် သခင်လေးရဲ့ အမိန့်အတိုင်း လူငယ်သူရဲကောင်းကို စောင့်ရှောက်ဖို့ လာခဲ့တာပါ"

စုယန်သည် သူတို့နှစ်ယောက်အား ရင်းနှီးနေသည်။ သူတို့သည် ကုဖေးတိနှင့်အတူ မြေရိုင်းလွင်ပြင်သို့ လိုက်ပါလာခဲ့သည့် သက်တော်စောင့်များဖြစ်ကြ၏။ ကုဖေးတိနှင့် သူတို့ကြားတွင် အလွန် ယုံကြည်ရင်းနှီးသော ဆက်ဆံရေး ရှိလိမ့်ပေမည်။

ချွဲ့ကျစ်က ဦးညွှတ်လိုက်ပြီး သူကိုင်ထားသည့် သေတ္တာကို စုယန်အား ကမ်းပေးလိုက်၏။

"ဒါတွေက စံအိမ်သခင်လေး ပြင်ပေးလိုက်တဲ့ အဝတ်အစားတွေပါ။ သင်မြို့ထဲကို သွားတဲ့အခါ ချည်သားအကြမ်းထည်တွေ ဝတ်ဖို့မသင့်တော်ဘူး။ ဒါကြောင့် သင့်အတွက် ထန်းယွင်စံအိမ်ရဲ့ အဝတ်အစားတွေကို စံအိမ်သခင်လေးက ပြင်ပေးခဲ့တာပါ"

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now