အခန်း-၇၃ ချုံးယန်ပွဲတော်၌ ပြန်လည်တွေ့ဆုံကြခြင်း။

2.5K 479 21
                                    

Unicode

အခန်း-၇၃ ချုံးယန်ပွဲတော်၌ ပြန်လည်တွေ့ဆုံကြခြင်း။

[အဲဒီနှစ်မှာ ဘာတွေဖြစ်ခဲ့တာလဲ....]

ယခင်နေ့မွန်းလွဲပိုင်းတွင် စုယန်သည် ရွှီယွင်ကျန်းနှင့်အတူ ချန်ဖုန်းရွာသို့လိုက်သွားခဲ့ပြီး သူ့အတွက် စီစဉ်ပေးသော သီးသန့်အခန်းတစ်ခုတွင် တည်းခိုခဲ့သည်။

သို့သော် ကုဖေးတိနှင့်ပတ်သတ်သည့် စိုးရိမ်ပူပန်မှုများကြောင့် အိပ်ရေးပျက်ခဲ့ရပြန်၏။ ကုတင်ပေါ်တွင် လူးလှိမ့်နေပါသော်လည်း အိပ်မပျော်ခြင်းကို မကုစားနိုင်ပေ။ ထို့ကြောင့် ထုံးစံအတိုင်း ဓားရေးလေ့ကျင့်ရန် ခြံဝင်းထဲသို့ သွားခဲ့သည်။ ခြံအပြင် ဘက်ရှိ အစောင့်များ၏ တာဝန်ပြောင်းလဲရန် *ချိုးအချိန် ကုန်ဆုံးကြောင်း အချက်ပေးသံကြားခါမှ စုယန် အနားယူရန် အခန်းထဲသို့ပြန်သွားခဲ့လေသည်။

စုယန်သည် ကောင်းကင်ကြီး တောက်ပလာသည်အထိ အိပ်တစ်ဝက်၊ နိုးတစ်ဝက် ဖြစ်နေခဲ့သည်။ နောက်ဆုံးတွင် ခြေသံတစ်ခုကြောင့် သူလုံးဝ နိုးသွားခဲ့ပြီး မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်လေ၏။

ကုဖေးတိ၏ ခန္ဓာကိုယ်သည် လန်းဆန်းအေးမြသော နံနက်ခင်း၏ နှင်းငွေ့ရနံ့များဖြင့် ဖုံးလွှမ်းထားပေသည်။ သူသည် ကုတင်အနားသိူ့ လျှောက်လာပြီး စုယန်၏ ပွင့်ဟနေသော ရင်ဘတ်နှင့် ငိုက်မျဉ်းနေသော မျက်ဝန်းလေးများကို ငုံ့ကြည့်နေလေ၏။

ကုဖေးတိကို မြင်သောအခါ စုယန်သည် ချက်ချင်းပင် ခေါင်းကြည်သွားပြီး မျက်လုံးများ ရုတ်တရက် တောက်ပလာလေသည်။ သူ၏နှုတ်ခမ်းထောင့်လေး များမှာလည်း အလို‌အလျောက် တွန့်ကွေးသွားလျက်။ ခေါင်းအုံးပေါ် လက်ထောက်ရင်း ကုဖေးတိအား ရယ်ကျဲကျဲ ပြောလိုက်သည်။

"မင်းလွတ်လာပြီလား?"

ကုဖေးတိက ပြန်ဖြေခြင်းမရှိဘဲ သူကိုင်ထားသည့် အိတ်ကို ဘေးသို့ ပစ်ချလိုက်လေသည်။ ပြီးနောက် စုယန်၏ပုခုံးအား ချက်ချင်း ဖိချလိုက်ကာ စွဲမက်ဖွယ် နှုတ်ခမ်းပါးများကို ပြင်းပြင်းထန်ထန် နမ်းရှိုက်လိုက်ပါတော့၏။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now