အခန်း-၁၁၃ နေ့တစ်ဝက်အားလပ်ချိန်ကို ခိုးယူခြင်း။

1.3K 168 4
                                    

Unicode

အခန်း-၁၁၃ နေ့တစ်ဝက်အားလပ်ချိန်ကို ခိုးယူခြင်း။

[ရှူး.. မင်းရဲ့အသံကိုလျော့ပြီး လိမ်လိမ်မာမာနေ]

မြေရိုင်းလွင်ပြင်သို့ရောက်သောအခါ၊ စုဟွိုက်ကျူးနှင့် ကုရော့ဟိုင်တို့သည် နတ်ဆိုးမြို့တော်သို့ အတူတကွ ထွက်ခွာခဲ့ကြသည်။ စုယန်၊ ကုဖေးတိနှင့် ချီထုန်းတို့သည် တောင်ဘက်အလယ်ပိုင်းလွင်ပြင်ဆီသို့ ဆက်လက် ဦးတည်သွားကြသည်။

အလယ်ပိုင်းလွင်ပြင်နှင့် မြေရိုင်းလွင်ပြင်အကြား အနောက်နယ်စပ်သို့ ရောက်ရှိသောအခါ ချီထုန်းသည် အလယ်ပိုင်းလွင်ပြင် တော်ဝင်စစ်တပ်သို့ ပြန်သွားခဲ့ပြီး စုယန်နှင့် ကုဖေးတိတို့သည် အခြားမြင်းတစ်ကောင်ကိုယူ၍ ဘေးချင်းယှဉ်စီးခဲ့ကြသည်။

သိုင်းပညာအသိုင်းဝိုင်းအတွင်း မငြိမ်မသက်မှုများသည် ယခုအချိန်အထိ ရပ်တန့်သွားခြင်းမရှိသေးပေ။ စုယန်နှင့် ကုဖေးတိတို့သည် မျက်နှာများကို ဖုံးအုပ်ထားပြီး ၎င်းတို့၏ အထောက်အထားများကို ဖုံးကွယ်ရန်အတွက် ဓားရှည်များကို အဝတ်ဖြင့် ပတ်ထားသည်။

လမ်းခရီးတွင်၊ ကုဖေးတိသည် သိုင်းလောကရှိ ကောလာဟလများကို ဖမ်းမိခဲ့သည်။ ဖူလင်းယွင်နှင့် ဖန်ရှီသည် ထန်းယွင်စံအိမ်သို့ ပြန်သွားကြောင်းနှင့် ရွှီယွင်ကျန်းသည် ချန်ဖုန်းရွာသို့ ဘေးကင်းစွာ ပြန်ရောက်လာသည်ကို သူသိရှိခဲ့သည်။ ဝူကျန်းမန်သည် အဲ့လော့ကွေး၏အာဏာ ရုတ်တရက် ဆုံးရှုံးသွားသည့်အဖြစ်အပျက်မှ ပြန်လည်ထူထောင်လာခြင်းမရှိကြောင်းကိုလည်းသူလေ့လာသိရှိခဲ့သည်။

လောလောဆယ်မှာတော့ သူတို့ဆီကနေ သိသိသာသာ လှုပ်ရှားမှုမျိုး မရှိသေးပါချေ။

"ငါတို့ ကျောက်စိမ်းအိမ်တော်ကို တိုက်ရိုက်သွားကြမလား?" စုယန်က မေးသည်။

"ကိုယ်တို့ လန်ယန်းမြို့ကို အရင်သွားရမယ်" ကုဖေးတိက ဆို၏။

"ထန်းယွင်စံအိမ်ရဲ့ စီမံခန့်ခွဲမှုက ကိုယ့်အဖေပြန်မလာခင်အထိ ကိုယ့်ရဲ့အကူအညီတွေ လိုအပ်နေတုန်းပဲ... တောင်းပန်ပါတယ်။ အဲ့လော့ကွေးမှာတုန်းက ဒီကိစ္စကို ဖြေရှင်းပြီးရင် ကျောက်စိမ်းအိမ်တော်ကို လိုက်ပို့ပေးမယ်လို့ မင်းကို ကတိပေးခဲ့တယ်။ အခု ကိုယ် ဒီကတိကို ဖျက်မိပြီ"

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now