အခန်း-၇ ငါ အရမ်းပျော်ပါတယ်။

5.1K 959 18
                                    

Unicode

အခန်း-၇ ငါ အရမ်းပျော်ပါတယ်။

[သခင်ငယ်၏ စိတ်ဝင်စားမှုသည် အမှန်ပင် ရက်စက်လှ၏။ ]

အဖြူရောင်ဝတ်ထားသည့် ဤအမျိုးသမီးသည် ကျောက်စိမ်းအိမ်တော်၏ မှန်းဆမရသော လျှို့ဝှက် ဆန်းကြယ်မှုကို ထင်ရှားစွာ သက်သေပြခဲ့လေသည်။

သူမ၏မေးခွန်းကို ကြားသောအခါ စုယန်နှင့် ကုဖေးတိသည် တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်ကြပြန်၏။

ဤအကြည့်တွင် ယခင်ကနှင့်မတူဘဲ တိတ်တဆိတ် နားလည်မှု မပါရှိပေ။ ၎င်းအစား သူတို့နှစ်ဦးစလုံးသည် ကျောခိုင်းဖို့ ဆန္ဒမရှိသလို အဖြူရောင်ဝတ်ထားတဲ့ အမျိုးသမီးရှေ့မှာ သူရဲဘောကြောင်ဖို့လည်း မရည်ရွယ်သောကြောင့် ဒေါသအရိပ်အယောင်များ ပါရှိလေသည်။

"ငါအရင်သွားမယ်!" ကုဖေးတိသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။

"သူ အရင်​သွားလိမ့်မယ်​!" တစ်ချိန်တည်းမှာပင် စုယန်က နောက်ပြန်ဆုတ်သွားလေသည်။

ကုဖေးတိ "....."

လူအုပ်ကြီး "....."

"မင်း.." ကုဖေးတိသည် သူ့မျက်လုံးထဲရှိ အံ့ဩမှုကို မဖုံးကွယ်နိုင်ပေ။ သူက မျက်မှောင်ကြုတ်ကာ မေး၏။
"..မင်း ဘာဖြစ်သွားတာလဲ!?"

"အာ.. အဲဒါက.."
စုယန် ​ခေါင်းကိုက်​လာလေသည်။

သခင်ငယ်၏ စရိုက်အရ သူရဲဘောကြောင်သော နောက်ဆုတ်ခြင်းမျိုး မပြုလုပ်သင့်ပါချေ။ သို့သော် သူ့ခေါင်းထဲ၌ 'ဇာတ်ကြောင်းကိုထိန်းသိမ်းရန် ကုဖေးတိအား ပထမဦးစွာ အကဲဖြတ်မှုကို ကျော်ဖြတ်ပါစေ' ဟူသော အတွေးသာ နစ်မွန်းနေလေသည်။ ထို့ကြောင့် ဒီကိစ္စအား သေချာမစဉ်းစားဘဲ ကုဖေးတိကို ပထမဆုံးစိန်ခေါ်ဖို့ အခွင့်အရေး ပေးခဲ့မိသည်။ သူ့ပါးစပ်မှ ထိုစကားလုံးများ ထွက်သွားပြီဆိုမှတော့ အကယ်၍ သူသည် ၎င်းတို့ကို ယခုပြန်ရုပ်သိမ်းပါက သူ၏ပုံရိပ်ကို ပိုမိုဆိုးရွားစေမည် ဖြစ်သည်။ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ရန် ဆင်ခြေတချို့ရှာတာ ပိုကောင်းပါသည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now