အခန်း-၆၇ လန်ယန်း‌မြို့သို့ ရောက်ရှိခြင်း။

2.8K 535 8
                                    

Unicode

အခန်း-၆၇ လန်ယန်း‌မြို့သို့ ရောက်ရှိခြင်း။

[မင်းရဲ့မိဘတွေနဲ့သွားတွေ့ရမယ်!?]

အရိုးပုလွေကို မြင်လိုက်သည့်အခိုက်တွင် မုတ်ဆိတ်မွေးနှင့်လူ၏ အကြည့်များ အနည်းငယ် စူးရှသွားသည်။

သို့သော်လည်း နောက်အခိုက်အတန့်တွင် သူက တိုးတိတ်စွာ ဗလုံးဗထွေး ရေရွတ်နေလေ၏။

"ငါ၊ ငါ... ငါမသိဘူး! သူက... ငါ့ရဲ့ ဝူကျန်းမန်မှာ
ချထားတဲ့ အဲ့လော့ကွေးက သူလျှိုတစ်ယောက် ဖြစ်နိုင်တာပဲ! ဟုတ်တယ်.. သူက သူလျှိုကောင်! ငါ ဘာမှမသိခဲ့ဘူး!"

ကုဖေးတိက ဓားကို မုတ်ဆိတ်‌မွေးနှင့်လူ၏ ရင်ဘက်မှရုတ်သိမ်းလိုက်ပြီး လည်ပင်းပေါ်တွင် ထောက်ထားလိုက်သည်။ ပြီးသည်နှင့် ဖန်ချီကို လှမ်းပြောလိုက်၏။

"မင်းဒီကိုလာ.. ဒီလူရဲ့တစ်ကိုယ်လုံးကိုလာရှာလှည့်"

ပြီးနောက် စုယန်ကို လှည့်ကြည့်ကာ နူးညံ့စွာ ဆိုသည်။

"ချစ်ဇနီးလေး.. ခဏလောက် ထွက်ရှောင်ပေးနော်"

စုယန် "......."

မင်းက လွန်လွန်ကြူးကြူး သရုပ်ဖော်နေသလို ဖြစ်မနေဘူးလားကွာ?

သို့သော်လည်း သူ ဘာလုပ်နိုင်မည်နည်း။ အမျိုးသားတစ်ခု၏ ခန္ဓာကိုယ်ကို ရှာဖွေရန်လိုအပ်သောကြောင့် 'သူမ'သည် နာနာခံခံဖြင့်သာ ထွက်သွားခဲ့ရသည်။

စုယန်သည် ခေါက်ကန့်လန့်ကာနောက်သို့ သွားပြီး
နေရာလပ်လေးမှ စူးစမ်းကြည့်နေလိုက်သည်။ ကုဖေးတိနှင့် ဖန်ချီသည် ရုန်းကန်နေသော မုတ်ဆိတ်မွေးနှင့်လူကို အမြန်ဖိနှိပ်လိုက်ပြီး သူ့အဖော်နှင့်အတူ ပူးတွဲကြိုးချည်ထားလိုက်၏။ သူတို့နှစ်ဦး၏ ကိုယ်ပေါ်မှ အဲ့လော့ကွေး၏ အရိုးပုလွေ၊ သတင်းပေးပို့သည့် ဝါးအပိုင်းအစများ၊ စာလုံးထွင်းထုရန် အသုံးပြု‌သော ဓားတစ်လက်နှင့် ၎င်းတို့၏အဝတ်များတွင် ကပ်ငြိနေသော အနက်ရောင်တစ္ဆေဇီးကွက်အမွေးအမြောက်အမြားကို တွေ့ရှိခဲ့ရသည်။

မျက်စိရှေ့၌ သက်သေ အထောက်အထားများ ပေါ်လာသောအခါ မုတ်ဆိတ်မွေးနှင့်လူသည် ကြမ်းတမ်းစွာ ပြုမူလာပြီး ပူးပေါင်းဆောင်ရွက်ခြင်း မရှိတော့ချေ။ ကုဖေးတိ ဘာမေးမေး မဖြေတော့ဘဲ ခြိမ်းခြောက်မှုများတောင် အသုံးမဝင်ပါတော့ချေ။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now