အခန်း-၁၈ ရေခဲကိုးလွှာပွင့်လန်းခြင်း။

4.9K 945 25
                                    

Unicode

အခန်း-၁၈ ရေခဲကိုးလွှာပွင့်လန်းခြင်း။

[မေးခွန်းမေးဖို့ အချိန်ရှာတာ ပိုကောင်းလိမ့်မယ်!]

ကုဖေးတိသည် တိလင်းနှင့်အတူ ထမင်းစားခန်းသို့ ရောက်ရှိလာသောအခါ ဖူလင်းယွင်နှင့် ဖန်ရှီသည်လည်း လီရှစ်ကျဲနှင့်အတူ ရောက်ရှိလာကြသည်။

ဖူလင်းယွင်သည် ကုဖေးတိကိုမြင်သည်နှင့် ချက်ချင်းပင် ရှေ့သို့ လှမ်းလာခဲ့သည်။

"ရှောင်ရှစ်ရှုံး!"

ဖန်ရှီသည် ပတ်ဝန်းကျင်ကိုကြည့်ကာ မျက်ခုံးပင့်လျက် မေးလိုက်၏။

"စုယန် ဘယ်မှာလဲ?"

ကုဖေးတိသည် သူ့ဘက် ခေါင်းလှည့်လာပြီး ဆိုသည်။

"မင်း သူ့ကို 'သခင်ငယ်' လို့ မခေါ်တော့ဘူးလား"

ဖန်ရှီသည် သူ့မေးစေ့ကိုပွတ်သပ်ရင်း အပြုံးတစ်ခုနှင့် ပြန်ပြောလိုက်၏။

"အသေးအဖွဲကိစ္စတွေအတွက် စိတ်ပူဖို့ မင်းမှာ အချိန်တွေ အများကြီး ရှိနေပုံပဲ"

ကုဖေးတိက ဆိုသည်။

"ကျောက်တုံးသစ်တောထဲက ထွက်ကတည်းက သူ့အပေါ် ထားတဲ့ မင်းရဲ့သဘောထားက ပြောင်းလဲ သွားတယ်နော်။ ချင်းလျန်ဂိုဏ်းက အားသာချက်တွေကို ရှာကြံပြီး အားနည်းချက်တွေကို ရှောင်ရှားတယ်လို့ လူသိများတယ်။ အစကတည်းက မင်းသူ့ကို စိတ်ရင်းနဲ့လေးစားတာ မဟုတ်မှန်း ငါပြောနိုင်တယ်"

ဖန်ရှီက ပြန်ပြောလိုက်၏။

"ငါက မင်းထင်သလောက်လဲ မမိုက်မဲပါဘူး။ သိုင်းလောကမှာရှိတဲ့ သူ့အကြောင်း ကောလာဟလတွေက ဖြောင့်မတ်တဲ့ဂိုဏ်းတွေက မဟုတ်မမှန် လျှောက်ဖြန့်နေတာလို့ ငါထင်ရုံပဲ!"

ကုဖေးတိပြန်မဖြေမီ ဖူလင်းယွင်က သူမ၏ မကျေနပ်မှုကို ထုတ်ပြလိုက်သည်။

"သူလုပ်ခဲ့တာတွေက သက်သေရှိတယ်.. အဲဒါက ဘယ်လို မဟုတ်မမှန် လျှောက်ဖြန့်တာ ဖြစ်နိုင်မှာလဲ!" သူမသည် ဖန်ရှီကို စိုက်ကြည့်ရင်း ဆက်ပြော၏။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now