Unicode
ငါက မင်းကို ကယ်တင်ခဲ့ပေမယ့် နောက်ဆုံးတော့ ရိုက်နှက်ခံလိုက်ရတယ်! မင်းက အစာကျွေးတဲ့လက်ကို ပြန်ကိုက်နေတာလား?
စုယန်သည် နှုတ်ခမ်းကို ကွေးညွတ်လိုက်ပြီး ကုဖေးတိ သူ့အား ပစ်ပေးထားသော အဝတ်အစားများကို ကောက်ဝတ်လိုက်သည်။
သူသည် ယခုချိန်ထိ အေးခဲနေဆဲပင်။ သူ၏ အတွင်းအင်္ဂါများမှာ အေးခဲနေသောရေကန်အတွင်း၌ မျောနေသကဲ့သို့ ခံစားနေရပြီး သူ၏အတွင်းအားကို မည်ကဲ့သို့ လှည့်ပတ်ထိန်းကျောင်းနေပါစေ သူ့တစ်ကိုယ်လုံးမှ အအေးဓာတ်ကို မဖယ်ရှားနိုင်ပေ။ သူ၏စိုစွတ်နေသော ဆံပင်များသည် ပုခုံးထက်၌ ပြန့်ကျဲကာ စိုရွှဲနေလေသည်။ သူသည် ၎င်းတို့ကို အခြောက်ခံရန် အတွင်းအားကိုအသုံးပြု၍ ကြိုးစား သော်လည်း သူ၏ကြိုးပမ်းမှုမှာ အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ သူ၏ဆံပင်များပေါ်၌ သေးငယ်သော အမှုန်အမွှားများ (ရေခဲမှုန်များ)ပင် စတင်ဖြစ်ပေါ်လာ၏။
"ငါပြောပါတယ်" စုယန်သည် ခိုက်ခိုက်တုန်လျက် ကုဖေးတိအား ပြောလိုက်လေ၏။ "လူတိုင်းက သူတို့ရဲ့ အဝတ်အစားနဲ့ ဆံပင်တွေကို သူတို့ရဲ့အတွင်းအားကို သုံးပြီး အခြောက်ခံနိုင်တယ် ဟုတ်လား?"
ကုဖေးတိက အေးစက်စွာ ပြန်ဖြေ၏။
"သဘာဝအတိုင်း လူတိုင်းလုပ်နိုင်တယ်.. မင်း အဲဒါကို သွေဖယ်မနေနဲ့!"
စုယန် အမှောင်ထဲ၌ မျက်လုံးလှန်လိုက်သည်။
"မယုံရင် ငါ့ဆံပင်ကိုလာကိုင်ကြည့်လိုက်.. မင်းနားလည်သွားလိမ့်မယ်"
ကုဖေးတိသည် အချိန်အတန်ကြာသည်အထိ ဘာမှပြန်မပြောပေ။
ခဏအကြာ၌ သူသည် စုယန်၏နံဘေးသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာကာ သူ၏လက်ကိုမြှောက်လိုက်ပြီး စုယန် ပုခုံးပေါ်မှ ဆံပင်များကို ထိကြည့်လိုက်လေသည်။
"မင်း... " ကုဖေးတိက အံ့အားသင့်စွာ ဆို၏။ "..ဘာလို့ အေးခဲနေရတာလဲ?"
စုယန် သက်ပြင်းချလိုက်သည်။
"မင်းပြောတဲ့အတိုင်း လိုက်နာပြီး ဆံပင်ခြောက်ဖို့ ငါ့ရဲ့ အတွင်းအားကို သုံးလိုက်တာလေ"
YOU ARE READING
ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)
Historical FictionBoth Unicode and Zawgyi Title- 說好成為彼此的宿敵呢 Author- 輕風白楊 (Qīng fēng báiyáng) Type - web novel (CN) Status in CO0- 120 chapters+ 2 extras (Completed) I do not own any part of this novel. I am just a translator translated into Burmese. All credit goes t...