အခန်း-၉၁ မျှော်လင့်မထားသော သတင်း။

2K 343 16
                                    

Unicode

အခန်း-၉၁ မျှော်လင့်မထားသော သတင်း။

[သူ ဘယ်အမတသခင်ကိုများ အမှတ်မထင် စော်ကားမိပါလိမ့်?]

အဆုံးတွင် ကုဖေးတိသည် စုယန်အား မလွန်ဆန်နိုင်ခဲ့ပါချေ။ လော့ယွီထံမှ ခွင့်ပြုချက်ရပါက ကျောက်စိမ်းအိမ်တော်သို့ နှစ်ယောက်အတူ
သွားမည်ဟု ကတိပေးလိုက်ရတော့သည်။

သူတို့နှစ်ယောက်ကြား၌ သဘောတူညီမှု ရရှိခဲ့သော်လည်း လော့ယွီသည် စုယန်နှင့် ကုဖေးတိအား သွားခွင့်ပြုရန် ငြင်းဆန်နေဆဲပင်။

"မင်းတို့နှစ်ယောက် ငါ့ဆီကိုလာပြီး ကူအဆိပ်ကို ဖယ်ရှားကုသပေးဖို့ တောင်းဆိုခဲ့လို့ ငါကြင်ကြင်နာနာနဲ့ ကုသပေးခဲ့တယ်။ စုယန်က ငါ့ရဲ့လူနာ ဖြစ်နေတုန်းပဲ။ ငါ့ရဲ့လူနာက ငါ့ရဲ့ညွှန်ကြားချက်အတိုင်းပဲ လိုက်နာရမယ်" သူက ပြတ်ပြတ်သားသား ဆိုခဲ့၏။

ကုဖေးတိနှင့် စုယန်တို့သည် သူတို့၏စိတ်ကို
မပြောင်းလဲဘဲ အကြောင်းပြချက် အမျိုးမျိုးဖြင့် တောင်းဆိုနေပါသော်လည်း လော့ယွီသည် နောက်ဆုံးအချိန်အထိ ငြင်းဆန်နေဆဲပင်။

"အကြီးအကဲ.. ကျွန်တော်တို့တောင်ပေါ်ကဆင်းမှာကို ဘာကြောင့် ပြင်းပြင်းထန်ထန် တင်းတင်းကြပ်ကြပ်ကို တားမြစ်နေရတာလဲ? ကျွန်တော်တို့ကို မစွန့်စားစေချင်တာရဲ့အပြင် တခြားအကြောင်းပြချက်များ ရှိနေလို့ပါသလား?" ကုဖေးတိက လော့ယွီအား မေးလေသည်။

"စစချင်း တောင်ပေါ်ကဆင်းမယ့် အကြောင်းပြောကတည်းက အကြီးအကဲရဲ့ ထူးဆန်းတဲ့အကြည့်ကိုသတိထားမိခဲ့တယ်။ တောင်အောက်မှာ ထူးထူးဆန်းဆန်း တစ်ခုခု ဖြစ်နေတာလား? အဲဒါကို ကျွန်တော်တို့ကို မသိစေချင်လို့လား?"

လော့ယွီသည် ထိုသို့သောမေးခွန်း အမေးခံလိုက်ရ၍ အံ့ဩသွားခဲ့သည်။

"မင်းတို့ကို မသေစေချင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မလုံလောက်ဘူးလား? သူက လှောင်ပြောင်သရော်လိုက်လေ၏။

"မင်းတို့ကို တောင်ပေါ်ကဆင်းဖို့ ငါခွင့်ပေးလိုက်ရင်တောင် စုယန်ရဲ့ လက်ရှိအခြေအနေအရ ဆောင်းတွင်းအအေးဒဏ်ကို မခံနိုင်မှာ သေချာတယ်။ ဒါ့အပြင် တောင်တက်လမ်းတွေက ဖြတ်သန်းဖို့ ခက်ခဲတယ်။ ကျောက်စိမ်းအိမ်တော် မရောက်ခင်မှာတင် သူ့ရဲ့ နောက်ဆုံးထွက်သက်ကို ရှူထုတ်လိုက်ရဖို့ ဖြစ်နိုင်တယ်!"

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now