အခန်း-၁၀၃ နှစ်ရှည်လများ စောင့်စားခဲ့ရသော ပွင့်လင်းရိုးသားမှု။

1.8K 232 4
                                    

Unicode

အခန်း-၁၀၃ နှစ်ရှည်လများ စောင့်စားခဲ့ရသော ပွင့်လင်းရိုးသားမှု။

[မင်းငါ့ကို ဘာလို့အချိန်အကြာကြီး ဖုံးကွယ်ထားခဲ့တာလဲ?]

စုယန်နှင့် ကုဖေးတိတို့သည် ကြိုးတံတားသို့ အပြေးအလွှားသွားသောအခါတွင်၊ ထုန်းယွင်ကျောင်းတော်နှင့် ရွှမ်ကျီးကျောင်းတော်မှ ထိပ်တန်းတိုက်ခိုက်ရေးသမားများသည် မိစ္ဆာဂိုဏ်း၏ပန်းလက်ထောက်များအား ဆုတ်ခွာရန်တွန်းအားပေးပြီးဖြစ်သည်။

ကုဖေးတိနှင့် ဖူလင်းယွင်တို့သည် မိစ္ဆာဂိုဏ်း၏ သခင်ငယ်နှင့်အတူ ပါလာသည်ကို မြင်လိုက်ရသဖြင့် ထုန်းယွင်ကျောင်းတော်နှင့် ရွှမ်ကျီးကျောင်းတော်၏ တိုက်ခိုက်ရေးသမားများသည် အနည်းငယ် အံ့အားသင့်သွားကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး အခြေအနေကို မေးခွန်းထုတ်လိုက်ကြသည်။

ရွှမ်ကျီးကျောင်းတော်၏အဖွဲ့ခေါင်းဆောင်သည် မျက်ခုံးပင့်လိုက်ကာ လူအများကြားမှ ကုဖေးတိနှင့် အကြည့်ချင်းဆုံသွားပြီး သူ့အကြည့်များ အနည်းငယ်တုန်လှုပ်သွားသည်။

သို့သော် သူဘာမှမပြောမီ သူ့အဖွဲ့နှင့်အတူ လှုပ်ရှားနေသော ဝူကျန်းမန်မှ သိုင်းပညာရှင်တစ်ယောက်က ပထမဆုံး ပြောလာပါ၏။

"အိုး ဒါက ထန်းယွင်စံအိမ်ရဲ့ စံအိမ်သခင်လေးကုမဟုတ်လား။ မင်းက ဘာကြောင့် မိစ္ဆာဂိုဏ်းရဲ့သခင်ငယ်နဲ့ ပေါင်းပြီး အလယ်ပိုင်းလွင်ပြင်က သိုင်းပညာ ရှင်တွေရဲ့ လမ်းကို ပိတ်ဆို့နေရတာလဲ?"

ထိုသို့ပြောပြီးနောက်တွင် သူက ဖူလင်းယွင်ကို တစ်ချက်ကြည့်လိုက်သည်။

"ဒီမိန်းကလေးလဲ ပါသေးတာပဲ... မဟာမိတ်ခေါင်းဆောင်က မင်းအတွက် ထန်းယွင်စံအိမ်ရဲ့ ဌာနခွဲတစ်ခုကို ပေးချင်နေတယ်လို့ ငါတို့ကြားထားတယ်။ မင်းက အခု ချစ်သူနောက်လိုက်ပြီး မိစ္ဆာဂိုဏ်းနဲ့ ပူးပေါင်းဖို့ စဉ်းစားနေတာလား?"

ဖူလင်းယွင်က အံကြိတ်လိုက်သည်။ သူမသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ တစ်ခုခုပြောတော့မည်ဖြစ်သော်လည်း ကုဖေးတိက တားလိုက်လေ၏။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now