အခန်း-၁၉ အလွန်ကောင်းမွန်သော အကြံဉာဏ်။

4.6K 911 31
                                    

Unicode

အခန်း-၁၉ အလွန်ကောင်းမွန်သော အကြံဉာဏ်။

[သူစိတ်ကူးထားတာနဲ့ ဘာကြောင့် မတူရတာလဲ?]

မွန်းတည့်ခါနီးတွင် တိလင်းသည် ကျောက်စိမ်း အိမ်တော်၏ ထမင်းစားခန်းတွင် နေ့လည်စာစားရန် စုယန်အား နွေဦးသက်ဝင်ဥယျာဉ်သို့ လာခေါ်ခဲ့သည်။

စုယန် တစ်မနက်လုံး ဗိုက်ဆာနေခဲ့၏။

ထိုစကားကိုကြားလိုက်သည်နှင့် သူလေ့လာနေသော "နတ်ကြာပွင့်ဓားသိုင်း" စာအုပ်ကို ချက်ခြင်းလွှတ်ချကာ ထမင်းစားခန်းဆီသို့ လိုက်သွားခဲ့သည်။

သူထမင်းစားခန်းသို့ရောက်သောအခါ ကုဖေးတိ၊ ရွှီယွင်ကျန်းနှင့် ဖူလင်းယွင်တို့လည်း တစ်ချိန်တည်း ရောက်လာကြသည်။ စုယန်သည် ကုဖေးတိအား မြင်သည်နှင့် မသိစိတ်မှ လွှတ်ခနဲခေါ်လိုက်မိလေ၏။

"ဟေး ကုဖေးတိ.. ငါမင်းကိုပြောစရာရှိတယ်"

ကုဖေးတိသည် သူ့ခြေလှမ်းကို ရပ်တန့်လိုက်ပြီး စုယန်အား လှမ်းကြည့်လိုက်လေသည်။

"ဘာကိစ္စရှိလို့လဲ?"

စုယန်သည် သူ့ပါးစပ်ကိုဟလိုက်ပြီးမှ ရှစ်ဇွင်း ပေးလိုက်သောစာကို အလွတ်မကျက်မှတ်မိကြောင်း သတိရလိုက်သည်။

ရလဒ်အနေနှင့် သူသည် သူ၏အမူအရာကို ပြောင်းလဲကာ သခင်ငယ်၏ ခပ်ညစ်ညစ်အပြုံးကို ပြသပြီး ဆိုလိုက်သည်။

"ဘာမှမဟုတ်ပါဘူး.. ဒီအတိုင်း ငါမင်းကိုခေါ်ချင်လို့"

ကုဖေးတိသည် စုယန်ကို စိုက်ကြည့်ပြီးနောက် သူနှင့်အတူ စကားများရန် ပျင်းလွန်းသဖြင့် ထမင်းစားခန်းထဲသို့ လျှောက်သွားလိုက်သည်။

သူတို့၏သူငယ်ချင်း ကုဖေးတိသည် စုယန်အား လျစ်လျူရှုထားသည်ကိုမြင်သောအခါ ဖူလင်းယွင်နှင့် ရွှီယွင်ကျန်းတို့သည် ဘာမှပြန်မပြောနိုင်ပေ။ ဖူလင်းယွင်သည် အေးစက်စွာ နှာမှုတ်လိုက်ပြီး ကုဖေးတိ၏နောက်သို့ လိုက်သွားခဲ့သည်။ ရွှီယွင်ကျန်းသည် မျက်လုံးများကို မှေးကျဉ်းထားပြီး စုယန်အား ခဏတာ အထက်အောက် သေချာကြည့် ပြီးနောက် လှည့်ထွက်သွားခဲ့သည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now