အခန်း-၆၅ စကားတစ်ခွန်းမှ မဟရ။

3.1K 583 20
                                    

Unicode

အခန်း-၆၅ စကားတစ်ခွန်းမှ မဟရ။

[ဒါပေမယ့် အခု....ကိုယ်ဒီထက်ပိုလိုချင်တယ်]

ဓားခုတ်သံများက စုယန်၏နားထဲကို ကျူးကျော်ဝင်ရောက်လာပြီး ထိုခဏမှာပင် သူ့အား လုံးလုံးလျားလျား နိုးကြားသွားစေသည်။

ယခု သူဘယ်မှာရှိနေသည်ကို စဉ်းစားနေရန် အချိန်မရှိပေ။ သူ့ခါးမှ ပါးလွှာပျော့ပျောင်းသောဓားကို ချက်ချင်း ဆွဲထုတ်လိုက်ပြီး ကု‌ဖေးတိ၏ပခုံးအား ဓားဖြင့်ထိုးစိုက်ထားသောလူ၏ ခန္ဓာကိုယ်ထဲကို ထိုးသွင်းလိုက်လေသည်။

စုယန် တိုက်ပွဲတွင်ပါဝင်လာသောကြောင့် အခန်းတွင်းရှိ တိုက်ပွဲအခြေအနေသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

စုယန်သည် အိမ်မက်၏ လွှမ်းမိုးမှုဒဏ်ကို ခံခဲ့ရတာ ဖြစ်နိုင်သည်။ သူ့စိတ်ထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး သူ့ကိုယ့်သူ မထိန်းနိုင်တော့ဘဲ ဓားချက်တိုင်းဟာ ယခင်ကထက် လုံးဝ ထိရောက်ကာ ရက်စက်ကြမ်းကြုတ်သည်။

သူတို့နှစ်ဦးစလုံးမှာ သန်မာအားကောင်းပြီး အပြန်ပြန်အလှန်လှန် ထောက်ပံ့မှုများ ပြုလုပ်ပြီးနောက် ရန်သူအ‌ရေအတွက်အများအပြားကို သုတ်သင်နိုင်ခဲ့ကာ ခဏအကြာတွင် အခန်းအတွင်း၌ လုံးဝ တိတ်ဆိတ်သွားတော့သည်။

ထိုအချိန်တွင် မေ့ရှစ်စန်းက တံခါးကို တွန်းဖွင့်ဝင်လာပြီး ဘောင်ကိုမှီကာ မောပန်းစွာဆိုသည်။

"နှစ်ယောက် လွတ်သွားပြီ..."

"ငါတို့မှာ လူအင်အား မရှိတော့ လိုက်ဖမ်းဖို့ အဆင်မပြေဘူး" ကုဖေးတိက ပြောသည်။

"ထားလိုက်တော့။ အခုလောလောဆယ် ဒီအလောင်းတွေအားလုံးကိုရှာစုပြီး ခြံထဲရွှေ့ရမယ်။ ရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့ မီးအရင်ထွန်းလိုက်"

မေ့ရှစ်စန်းက အမိန့်ကိုလက်ခံကာ ထွက်သွားခဲ့သည်။ စုယန်နှင့်ကုဖေးတိသည် အခန်းတွင်းမှ လုပ်ကြံသူအလောင်းအားလုံးကို ခြံဝင်းထဲသို့ဆွဲထုတ်ရန် အတူတကွလုပ်ဆောင်ခဲ့သည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now