အခန်း-၄ ဒီကျေးဇူးကို ငါပြန်ဆပ်မယ်။

6K 1K 15
                                    

Unicode

အခန်း-၄ ဒီကျေးဇူးကို ငါပြန်ဆပ်မယ်။

[ဖြောင့်မတ်တဲ့လမ်းစဉ်က လူတွေက တော်တော် အရှက်မဲ့တာပဲ..!]

စုယန်ကိုယ်တိုင် သတိမပြုမိသည်မှာ သူ လမ်းမလွဲသွားအောင် ထိန်းသိမ်းနေသော ‌ဇာတ်လမ်းသည် ယခုအချိန်မှာတော့ ဇက်ကြိုးလွတ်ပြီး ဗရုတ်သုတ်ခ လျှောက်ပြေးနေသော မြင်းရိုင်း တစ်ကောင်ကဲ့သို့ ဖြစ်နေခြင်းပင်ဖြစ်သည်။ ခန့်မှန်းခြေအရတော့ သူ ဘယ်လိုမှ နောက်ပြန်ဆုတ်နိုင်မှာ မဟုတ်တော့ပေ။

စုယန်သည် သခင်ငယ်၏တာဝန်ကို ထမ်းဆောင်ပြီး မေ့ကျူးတောင်၏ တောကြီးမျက်မည်း၌ အေးအေးလူလူ လှည့်လည်ကာ ကျောက်စိမ်းအိမ်တော် တံခါးဆီသို့ ဦးတည်ခဲ့သည်။

ချင်းဝူခရိုင်၊ မေ့ကျူးတောင်၏ နက်နဲသောနေရာ၌ သိုဝှက်တည်ရှိသော ကျောက်စိမ်းအိမ်တော်သည် သိုင်းလောကတခွင် အကျယ်ပြန့်ဆုံး ဆွေးနွေး‌ကြသည့် ဒဏ္ဍာရီတစ်ခုဖြစ်သည်။

၎င်းတွင် ကိုယ်ပိုင်တပည့်မရှိသည့်အပြင် မည်သည့် ဂိုဏ်းနှင့်မျှ ပေါင်းသင်းခြင်းလည်း မရှိပေ။ ၎င်းတွင် ၎င်း၏ရိုးရှင်းသော အမည်နှင့် မရေမတွက်နိုင်သော ဒဏ္ဍာရီ၊ ပုံပြင်များသာရှိပြီး ကမ္ဘာတစ်ဝှမ်း၌ ပျံ့နှံ့ခဲ့သည်။

သိုင်းလောကတွင် မျိုးဆက်တစ်ခု၏ အရည်အချင်းရှိပြီး ထူးချွန်သော လူငယ်များကို ရွေးချယ်ရန်အတွက် ကျောက်စိမ်းအိမ်တော်သည် ခြောက်နှစ်တစ်ကြိမ် ၎င်း၏တံခါးများကို ဖွင့်ပေးလေ့ရှိသည်။

ရွေးချယ်ခံရ‌သော ကိုယ်စားလှယ်လောင်းများသည် ရှားပါးပြီး လက်ရာမြောက်သော စိတ်ပိုင်းဆိုင်ရာ စွမ်းရည်များနှင့် သိုင်းပညာများကို သင်ယူလေ့လာရန် ဝင်ရောက်နိုင်သည်။ ထိုပညာများကို သင်ယူ တတ်မြောက်ပြီးသောအခါ ၎င်းတို့၏ မူလဂိုဏ်းများသို့ ပြန်သွားနိုင်သည်။ ကျောက်စိမ်းအိမ်တော်ကို သစ္စာခံရန် ကျိန်ဆိုဖို့ မလိုအပ်ပေ။

ယခုလက်ရှိတွင် သိုင်းလောကရှိ အကျော်ကြားဆုံးနှင့် ရဲရင့်သောပုဂ္ဂိုလ် အားလုံးနီးပါးသည် ကျောက်စိမ်း အိမ်တော်၌ လေ့ကျင့်မှု ခံယူခဲ့ကြသူများ ဖြစ်ကြသည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now