အခန်း-၁၂၀ ဘယ်တော့မှ မခွဲတော့ဘူး။

1.4K 179 10
                                    

Unicode

အခန်း-၁၂၀ ဘယ်တော့မှ မခွဲတော့ဘူး။

[အဲဒါကို ငါတို့ရဲ့ ဟန်းနီးမွန်းအဖြစ် ယူဆလို့ရတယ်]

ပထမလလယ်တွင်၊ ကုဖေးတိသည် သူ၏ဆယ့်ကိုးနှစ်မြောက်မွေးနေ့ကို ကျောက်စိမ်းအိမ်တော်တွင် ကျင်းပခဲ့သည်။

အဲဒီနောက် မျက်စိတစ်မှိတ်အတွင်းမှာပဲ သုံးလကြာခဲ့ပြီး နွေရာသီဟာ တိတ်တဆိတ်ရောက်လာခဲ့လေ၏။ စုယန်၏ နှစ်ဆယ်နှစ်ပြည့်မွေးနေ့သည် ပဉ္စမလဆန်းပိုင်းဖြစ်သည်။

သိုင်းပညာရှင်တစ်ယောက်အဖြစ် စုယန်၏ သရဖူဆောင်းသည့် အခမ်းအနားသည် တော်ဝင်မျိုးနွယ်များလောက် ခမ်းနားခြင်း မရှိခဲ့ပေ။ သူသည် ရိုးရှင်းသော ပြင်ဆင်မှုများနှင့် ရိုးရှင်းသောအဝတ်အစားများအတွက် ကျောက်စိမ်းအိမ်တော်ရှိ ရှစ်ရှုန်းနှင့် ရှစ်ကျဲများကို အကူအညီ တောင်းဆိုခဲ့သည်။

စုယန်သည် အခမ်းအနား၏ အဓိက ဂုဏ်ပြုဧည့်သည်တော်အနေဖြင့် ရှစ်ဇွင်းချင်းပေါ်ကို ဖိတ်ကြားပြီး သရဖူဆောင်းပေးသည့်တာဝန်ကို ထမ်းဆောင်စေချင်ခဲ့သည်။ မမျှော်လင့်ဘဲ ချင်းပေါ်က ချက်ချင်း ငြင်းဆန်ခဲ့လေ၏။

"တစ်ယောက်ယောက်က မင်းကို သရဖူဆောင်းပေးဖို့အချိန်မီ ပေါ်လာပါလိမ့်မယ်။ စိတ်ရှည်ရှည်နဲ့ နှစ်ရက်လောက်စောင့်လိုက်ပါ"

ချင်းပေါ် က ပြုံးပြီး ဆိုသည်။

"ဆဋ္ဌမလအစောပိုင်းမှာ သိုင်းပညာအထွေထွေ စည်းဝေးပွဲကျင်းပလိမ့်မယ်။ လောလောဆယ် ပြန်လာသင့်တဲ့သူတွေက အလယ်ပိုင်းလွင်ပြင်ကို အမြန်သွားဖို့ ပြင်ဆင်နေကြပါပြီ"

မျှော်လင့်ထားသည့်အတိုင်း စုယန်၏ မွေးနေ့မတိုင်မီ သုံးရက်အလိုတွင် လော့ယွီနှင့် ချင်ကျန်းယွဲ့တို့သည် ကျောက်စိမ်းအိမ်တော်သို့ ရောက်ရှိခဲ့သည်။ သူတို့နှစ်ဦးစလုံးသည် အဲ့လော့ကွေး၏အခြေအနေကို လုံခြုံစေရန်အတွက် လော့ယင်ကို ကူညီပေးခဲ့ပြီးနောက် ယွီချုံးတောင်ထိပ်သို့ ပြန်သွားတော့မည်ဖြစ်သည်။ စုယန် မွေးနေ့ရောက်ခါနီးတွင် သူတို့သည် မေ့ကျူးတောင်ကို ဖြတ်သွားလက်စနှင့် ဝင်ခဲ့ကြခြင်းဖြစ်လေသည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now