အခန်း-၆၄ အအေးမိခြင်းနှင့် ညဘက်တိုက်ခိုက်ခံရခြင်း။

3.5K 601 24
                                    

Unicode

အခန်း-၆၄ အအေးမိခြင်းနှင့် ညဘက်တိုက်ခိုက်ခံရခြင်း။

[အဲဒါ ငါမဟုတ်ဘူး.. တကယ်!]

ကုဖေးတိ၏စကားဆုံးသည်နှင့် ကျွမ်းကျင် လက်နက်ကိုင် တိုက်ခိုက်ရေးသမားတစ်စုသည် တည်းခိုခန်း၏ ပင်မဝင်ပေါက်မှ ကျူးကျော် ဝင်ရောက်လာကြလေသည်။

ကောင်းစွာလေ့ကျင့်ထားသူများ ဖြစ်ကြသည်မှာ ထင်ရှား၏။ ခေါင်းဆောင်က အမိန့်ပေးလိုက်သည်နှင့် တည်းခိုခန်း၏ ထွက်ပေါက်အားလုံးကို ပိတ်ဆို့လိုက်ကြသည်။

ခေါင်းဆောင်က ဝန်ထမ်းတစ်ယောက်ကို ဖမ်းဆွဲပြီး မေးလေသည်။

"မင်းတို့တည်းခိုခန်းရဲ့ပိုင်ရှင်က ဘယ်မှာလဲ?"

ဝန်ထမ်းသည် အစောပိုင်းက မေ့ရှစ်စန်းရောက်လာပြီး ဖမ်းဆီးသွားသည့် ဖြစ်စဉ်ကို မျက်မြင်တွေ့ခဲ့ရသောကြောင့် မသိစိတ်က ဒုတိယထပ်ဆီသို့ မော့ကြည့်မိလိုက်သည်။

ကုဖေးတိသည် စုယန်ကို အခန်းထဲသို့ ခေါ်သွားကာ တံခါးကိုပိတ်ပြီး သော့ခတ်ထားလိုက်၏။

"ပစ္စည်းတွေကို မြန်မြန်ထုပ်.. အခုချက်ချင်းသွားမယ်!"

စုယန်သည် အခြေအနေကို သဘောပေါက်သောကြောင့် မေးခွန်းမထုတ်ဘဲ ခရီးဆောင်အိတ်များကို အမြန်ထုပ်ပိုးလိုက်သည်။

ထိုအချိန်တွင် အပြင်ဘက်လျှောက်လမ်း၌ ခြေသံများကို ကြားလိုက်ရ‌သည်။ တည်းခိုခန်းပိုင်ရှင်နှင့် ဝန်ထမ်းသည် နံရံတွင် အမြစ်တွယ်ထားသလို ရပ်နေကာ တစ်ယောက်ကိုတစ်ယောက် မျက်လုံးအပြူးသားဖြင့် တုန်လှုပ်စွာ ကြည့်နေကြပြီး မလှုပ်ရှားဝံ့ကြချေ။

"သွား!" ကုဖေးတိက ပြတင်းပေါက်ကို တွန်းဖွင့်လိုက်သည်။ သူတို့သုံးဦးသည် ကိုယ်ဖော့ပညာ အသုံးပြုကာ ခြံဝင်းထဲသို့ ခုန်ဆင်းသွားပြီး မြင်းဇောင်းဆီသို့ သုတ်ခြေတင် ပြေးတော့၏။

သို့သော် ထိုနေရာတွင် အစောင့်အကြပ်များ ရောက်ရှိနေပြီးဖြစ်သည်။

ကုဖေးတိသည် သူ့အရှိန်ကို ပြောင်းလဲလိုက်ပြီး ထန်းယွင်စံအိမ်နှင့် မတူညီသော ကိုယ်ဖော့ပညာ တစ်ခုကို အသုံးပြုလိုက်၏။ သူသည် လူအုပ်ထဲသို့ တိုးဝင်ကာ အစောင့်များကို သတိလစ်သွားစေရန် သူ၏ဓားရှည်ကို အသုံးပြုခဲ့သည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now