အခန်း-၁၀၉ အဆုံးသတ်သို့‌ရောက်ရှိခြင်း။

1.2K 179 9
                                    

Unicode

အခန်း-၁၀၉ အဆုံးသတ်သို့‌ရောက်ရှိခြင်း


[ငါမင်းကို ငဲ့ညှာနေစရာမလိုတော့ဘူး]


စုယန်နှင့် ကုဖေးတိသည် စုန်းဖြူမျှော်စင်၏ တံခါးအတွင်းသို့ ဝင်ရောက်လာကာ ၎င်းတို့၏ အတွင်းအားများကို ဖြန့်ကျက်ထားလျက် ပတ်ဝန်းကျင်ရှိ လှုပ်ရှားမှုတိုင်းကို သတိထားနေလေ၏။

စုန်းဖြူမျှော်စင်သည် အဲ့လော့ကွေး၏ စုန်းခေါင်းဆောင်နှင့် စုန်းပေါင်းများစွာ၏ နယ်မြေဖြစ်သည်။ ကူအဆိပ်ကို မွေးမြူသူများသာမက စုန်းမများ၏ ကျိန်စာများလည်း အများအပြား ရှိနေသည်ဟု ကောလဟာလများ ရှိလေ၏။ သူတို့သည် သိုင်းပညာ မကျွမ်းကျင်လျှင်တောင်မှ မဖိတ်ခေါ်ထားသော ဧည့်သည်များကို ဖြေရှင်းရန် နည်းလမ်းများစွာ ရှိနိုင်သည်။

စုယန်သည် ပေါ့ဆမနေဝံ့ဘဲ ကူအဆိပ်ဖြင့် တိုက်ခိုက်မှုတိုင်းကို တားဆီးနိုင်ရန် 'ကြက်သွေးနီညှိုးနွမ်းခြင်း'ကို ချက်ချင်းဖြန့်ကျက်လိုက်သည်။

သို့သော် စုန်းဖြူမျှော်စင်အတွင်းရှိ အခြေအနေသည် ၎င်းတို့၏ မျှော်လင့်ချက်များကို လုံးဝကျော်လွန်သွားခဲ့သည်။

ဤမျှော်စင်၏အတွင်းပိုင်းသည် ၎င်း၏အပြင်ပိုင်းနှင့် ဆင်တူခြင်းမရှိပေ။ မျှော်စင်တစ်ခုလုံး အခေါင်းပေါက်ဖြစ်ပြီး အောက်ခြေမှာ ရပ်နေချိန်၌ မျှော်စင်ထိပ်ကို တည့်တည့်မြင်နိုင်သည်။ အလွန်ရှည်လျားသော ကြောင်လိမ်လှေကားသည် ၎င်း၏အမြင့်ဆုံးနေရာအထိ နံရံတစ်လျှောက် ကွေးကောက်တည်ရှိ၏။

မျှော်စင်၏နံရံများကို နံရံဆေးရေးပန်းချီများဖြင့် အပြည့်ခြယ်ထားသည်။ တံခါးများနှင့် ပြတင်းပေါက်များစွာရှိပြီး အတွင်းနှင့် အပြင်နံရံများကြားတွင် ဖုံးကွယ်ထားသော အခန်းများစွာရှိပုံရသည်။

သို့သော် ဤနေရာတွင် စုန်းမ သို့မဟုတ် ကူမွေးမြူသူများ မရှိပါ။

မျှော်စင်တစ်ခုလုံးသည် အလွန်ကျယ်ဝန်းပြီး တိတ်ဆိတ်နေသည်။ အပြင်ရှိ ဆူညံနေသော နှင်းမုန်တိုင်းကြောင့်သာ မဟုတ်ပါက အပ်ကျသည့် အသံကိုပင် ကြားနိုင်လောက်သည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now