အခန်း-၃ နုပျိုရနံ့သာဆေးလုံး။

6.1K 1K 80
                                    

Unicode

အခန်း-၃ နုပျိုရနံ့သာဆေးလုံး

[မိစ္ဆာဂိုဏ်း၏ သခင်ငယ်အဖြစ် သူက သိပ်သနားကြင်နာ တတ်လွန်းနေတယ်..!]

ကုဖေးတိသည် စုယန်၏ အတွင်းပိုင်းမှ အော်ဟစ်သံကို မကြားနိုင်သည်မှာ ထင်ရှားပါသည်။

အချိန်အတော်ကြာအောင် စောင့်ပြီးတဲ့အထိ တစ်ဖက်လူထံမှ တုံ့ပြန်မှုကို မရတဲ့အခါ ကုဖေးတိက အံကိုတင်းတင်းကြိတ်ပြီး လက်ကိုမြှောက်ကာ သူ့ရင်ဘက်ထဲသို့ နှိုက်လိုက်သည်။ သူသည် သွေးစွန်းနေသော ပန်းထိုးအိတ်တစ်လုံးကို ထုတ်ယူလိုက်ပြီး လက်ထဲတွင် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။

"အားလုံးက ပြောကြတယ် မိစ္ဆာ.. လူငယ်သူရဲ‌ကောင်းစုမှာ မှန်းဆလို့မရတဲ့ စရိုက်လက္ခဏာရှိတယ်တဲ့..." သူက မော့လိုက်ပြီး စုယန်ရဲ့မျက်ဝန်းတွေကို စိုက်ကြည့်လိုက်သည်။ "ဒါပေမယ့်... သူပေးထားတဲ့ ကတိတွေကိုတော့ ဘယ်တော့မှ မဖျက်တတ်ဘူး"

စုယန် ???

ခဏနေစမ်းပါအုံး!

ဇာတ်ညွှန်းတစ်ခုလုံးက အကြီးဆုံးဗီလိန်ဖြစ်တဲ့ မိစ္ဆာဂိုဏ်းရဲ့ သခင်ငယ်စုယန်မှာ ဘယ်တုန်းက ပရိသတ်ကို ဆွဲဆောင်နိုင်တဲ့ အနေအထားမျိုး ရှိသွားတာလဲ?

ကုဖေးတိ! မင်းက တော်တော်မိုက်မဲတာပဲ.. မင်းရဲ့ စာကြောင်းတွေကို ပြောင်းရုံတင်မကဘဲ ဇာတ်ညွှန်းထဲက ဇာတ်ကောင်ပုံစံကိုလည်း ပြောင်းပစ်နေတယ်!

ကုဖေးတိသည် ရူးသွပ်ချင်‌နေသော စုယန်အား အနည်းငယ်မျှ ဂရုမစိုက်ဘဲ ဆက်‌ပြောလိုက်သည်။
"ငါ မင်းကို ကျောက်စိမ်းခေါင်းလောင်း ပေးမယ်.. မင်း ငါ့ကို လွှတ်ပေးမှာလား?"

"ငါမလုပ်နိုင်ဘူး!" စုယန်သည် လုံးဝ အံ့ဩသွားရ၏။

ကုဖေးတိ၏အကြည့်သည် အနည်းငယ် မှိန်ဖျော့သွားပြန်သည်။

သူသည် ပန်းထိုးအိတ်ကို လက်ထဲတွင် ကိုင်ထားကာ ခါးသီးစွာ ပြုံးလိုက်မိသည်။
"ရိုးရိုးသားသား ပြောရရင် ငါ့မှာ ခွန်အားတွေ သိပ်မကျန်တော့ဘူး.. နောက်ထပ် 'စစ်မှန်သောသိမ်းငှက်ဓား' ကိုလည်း မစွမ်းဆောင်နိုင်တော့ဘူး..."

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now