အခန်း-၉၈ နတ်ဆိုးမြို့တော်သို့ ဝင်ရောက်ခြင်း။

1.5K 241 6
                                    

Unicode

အခန်း-၉၈ နတ်ဆိုးမြို့တော်သို့ ဝင်ရောက်ခြင်း။

[ဘာတွေဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့..]

နောက်တစ်နေ့တွင် ထုန်းယွင်စံအိမ်၏ ဦးဆောင်မှုဖြင့်အလယ်ပိုင်းလွင်ပြင်တပ်ဖွဲ့များသည် စခန်းများကို ဖြိုဖျက်ခဲ့ကြပြီး နတ်ဆိုးမြို့တော်သို့ ခရီးဆက်ရန် ပြင်ကြသည်။

ကုဖေးတိနှင့် စုယန်သည် လော့ယွီထံမှ သတင်းတစ်ခုကို ထပ်မံရရှိခဲ့၏။ လော့ယွီက မိစ္ဆာဂိုဏ်းကို နှိမ်နင်းခြင်းမှာ စုဟွိုက်ကျူးနှင့် ကုရော့ဟိုင်တို့၏ အစီအစဉ်သာ ဖြစ်ကြောင်းနှင့် ထုန်းယွင်စံအိမ်၏ နောက်မှလိုက်ရန် အဆင်မပြေပါက စုဟွိုက်ကျူးကိုရှာဖွေရန် နတ်ဆိုးမြို့တော်သို့ တိုက်ရိုက်သွားနိုင်ကြောင်း ပြောထားသည်။

ကုဖေးတိသည် ထုန်းယွင်စံအိမ်၏လမ်းကြောင်းတွင် အဲ့လော့ကွေး၏ချုံခိုတိုက်ခိုက်ခံရမည်ကို စိုးရိမ်သောကြောင့် စုယန်နှင့် ဆွေးနွေးပြီးနောက်တွင် သူတို့သည် အနောက်မှဆက်၍လိုက်ရန်သာ ဆုံးဖြတ်ခဲ့ကြသည်။

နောက်ထပ်နှစ်ရက်အကြာတွင် ထုန်းယွင်စံအိမ်နှင့် အဖွဲ့သည် မြေရိုင်းလွင်ပြင်၏ အနက်ရှိုင်းဆုံး အတွင်းဘက်သို့ ရောက်ရှိလာပြီး နတ်ဆိုးမြို့တော်နှင့် လုံးဝနီးကပ်လာခဲ့သည်။

ထိုနေရာရှိ ပတ်ဝန်းကျင်မြေပြင်သည် ကျယ်ပြန့်သော မြေပြန့်မဟုတ်တော့ပေ။ နေရာအနှံ့၌ ပြန့်ကျဲနေသော ကျောက်တုံးများ ပေါ်လာပြီး အကာအကွယ်ရသော နေရာများ ပေါများလာခဲ့သည်။

ကုဖေးတိနှင့် စုယန်တို့သည် သူတို့ကိုယ်သူတို့ ဖုံးကွယ်ရန် ကျောက်တုံးကြီးများကို အသုံးပြုခဲ့ကြပြီး အလယ်ပိုင်းလွင်ပြင်တပ်ဖွဲ့နှင့် သူတို့ကြားက အကွာအဝေးကို တဖြည်းဖြည်း နီးကပ်စေခဲ့လေသည်။

မည်သို့ပင်ဆိုစေကာမူ မဟာမိတ်တပ်ဖွဲ့ကင်းထောက်များ၏ တွေ့ရှိခြင်းမှ ရှောင်ရှားရန်နှင့် မလိုလားအပ်သော ပြဿနာများမဖန်တီးမိစေရန်အတွက် သူတို့သည် အလွန်နီးကပ်စွာ စွန့်စားဝံ့ခြင်းမရှိခဲ့ပေ။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now