အခန်း-၁၀၅ လက်ချင်းချိတ်လို့ ရေခဲလွင်ပြင်ဆီ။

1.2K 166 1
                                    

Unicode

အခန်း-၁၀၅ လက်ချင်းချိတ်လို့ ရေခဲလွင်ပြင်ဆီ။

['သစ္စာရှိမိတ်ဆွေ'ဓားကို မင်းဆီ လွှဲအပ်ခဲ့မယ် ..]

ထန်းယွင်စံအိမ်ဦးဆောင်သော အလယ်ပိုင်းလွင်ပြင် သိုင်းပညာရှင်တပ်များသည် မီးတောက်ပင်လယ်ပြင်ဖြစ်သော ဝါးဥယျာဉ်ကျွန်းမှ အခြေချနေထိုင်ရာနေရာများသို့ အလျင်အမြန်ဆုတ်ခွာသွားကြသည်။

တခြားကြိုးတံတားများပေါ်သို့ မီးမပြန့်ပွားစေရန် ကျန်ရှိသော ပန်းလက်ထောက်များသည် မိစ္ဆာဂိုဏ်းမှ ဝါးဥယျာဉ်ကျွန်းသို့ ဦးတည်ထားသော ကြိုးတံတားအားလုံးကို အမြန်ဖြတ်တောက်လိုက်ခြင်းဖြစ်နိုင်သည်။ ထို့ကြောင့် ဝါးဥယျာဉ်ကျွန်းသည်သာ ချောက်အတွင်း၌ နေ့ကဲ့သို့တောက်ပစွာ အလှဆင်ထားသည့်ပုံ ပေါက်နေတော့သည်။

မီးရောင်သည် ရေကန်မျက်နှာပြင်ပေါ်နှင့် ကုရော့ဟိုင် ၏မျက်လုံးများတွင် ရောင်ပြန်ဟပ်နေသည်။

အချိန်အတန်ကြာပြီးနောက် သူကပြောလေ၏။

"ဓားပညာအမွေက မိစ္ဆာဂိုဏ်းချုပ်နဲ့အတူ မီးထဲကို ပါသွားခဲ့ပြီ။ ကျုပ် အဲဒါကို အရမယူနိုင်ခဲ့တဲ့အတွက် အားလုံးရဲ့ ယုံကြည်မှုနဲ့ မထိုက်တန်ဘူးလို့ ဝန်ခံပါတယ်"

ချန်ဖုန်းရွာနှင့် ရွှမ်ကျီးကျောင်းတော်သည် ထန်းယွင်စံအိမ်နှင့် အစောပိုင်းက ဆက်သွယ်ခဲ့ပြီးဖြစ်သည်။ ထုန်းယွင်ကျောင်းတော်မှ လူများသည် အပြစ်တင်ရန် မတတ်နိုင်သောကြောင့် မကျေနပ်သော်လည်း နှုတ်ဆိတ်၍သာ နေခဲ့ရလေသည်။ နောက်ဆုံးတော့လည်း မိစ္ဆာဂိုဏ်းချုပ် ကိုင်ဆောင်ထားသည့် သေတ္တာကို လူများစွာ မျက်မြင်တွေ့ရှိခဲ့ကြပေသည်။ သူတို့လုပ်နိုင်သည်မှာ ယဉ်ကျေးသိမ်မွေ့စွာ ပုတ်ခတ်ပြောဆိုရုံပင်။

ဝူကျန်းမန်သည် မီးငြိမ်းပြီးသည်နှင့် မိစ္ဆာဂိုဏ်းချုပ် ၏အလောင်းကို ရှာဖွေစစ်ဆေးရန် အဆိုပြုခဲ့သည်။

"ဒီမီးက ဘယ်လောက်ကြာကြာ ဆက်လောင်နေမလဲဆိုတာ ကျုပ်တို့ မသိသလို၊ မိစ္ဆာဂိုဏ်းထဲမှာ ပန်းလက်ထောက် အကြွင်းအကျန်တွေ အများကြီးရှိသေးတယ်။ ကျုပ်တို့ယူလာတဲ့ လက်ရွေးစင်တပ်တွေက မလုံလောက်ဘူး။ တိုက်ပွဲဆက်ဖြစ်ရင် အသေအပျောက် ပိုများလာမယ်" ရွှမ်ကျီးကျောင်းတော်ခေါင်းဆောင်က ဝင်ပြောခဲ့သည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now