အခန်း-၁၂ အံ့ဖွယ် ကျောက်တုံးသစ်တော အခင်းအကျင်း။

4.9K 956 33
                                    

Unicode

အခန်း-၁၂ အံ့ဖွယ် ကျောက်တုံးသစ်တော အခင်းအကျင်း။

[Mr.Plot ရေ.. မင်းအသက်ရော ရှိသေးရဲ့လား?]

သိုင်း‌လောကရှိ မိစ္ဆာဂိုဏ်း၏ သခင်ငယ်စုယန်နှင့် ပတ်သက်သော ကောလဟာလများသည် မည်သည့်အခါမှ အပြုသဘောမဆောင်ခဲ့ပါ။ သူ့မှာ ခန့်မှန်းလို့မရသော ကိုယ်ရည်ကိုယ်သွေးနှင့် ကောက်ကျစ်သော အပြုအမူများရှိသည်ဟု အမြဲပြောလေ့ရှိကြသည်။ သူသည် သင့်ကို သဘောကျလျှင် သင့်အား ဂရုစိုက်ပြီး ပျားရည်ကဲ့သို့ ချိုမြသော စကားများကို နူးညံ့စွာပြောလိမ့်မည်။ အကယ်၍ သူသည် သင့်အား မုန်းတီးကြောင်း ထင်ရှားပါက သင့်အား ဓားဖြင့်ခုတ်သတ်ရန် တွန့်ဆုတ်နေမည်မဟုတ်ပေ။

ထို့ကြောင့် စုယန်ပြောတဲ့စကားတွေကို ကြားသောအခါ ဘယ်သူကမှ သူ့အား သံသယမဝင်ရဲကြသလို အတင်းအဖျင်း စကားတွေကိုလည်း ဆက်မပြောရဲကြတော့ပေ။

ထိုအချိန်၌ပင် ကုန်းပြင်မြင့်‌၏ လေထုသည် ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားပြီး လေတိုက်ခတ်ခြင်းကြောင့် ဖြစ်ပေါ်လာသော သစ်ကိုင်းများနှင့် သစ်ရွက်များ လှုပ်ရှားနေသံကိုသာ ကြားနေရသည်။

ကုဖေးတိသည် စုယန်ကို အဝေးမှ လှမ်းကြည့်ပြီးနောက် အကြည့်ကို အမြန် ပြန်ရုတ်လိုက်သည်။

သူသည် နှုတ်ခမ်းကို အနည်းငယ် လှုပ်ရှားလိုက်ကာ သူ့ဘေးနားရှိ ရွှီယွင်ကျန်းအား ပြောလိုက်သည်။

"သူတို့ ဆွေးနွေးနေတဲ့အကြောင်းကို ကြားလိုက်တယ်မလား"

ရွှီယွင်ကျန်းက နှာခေါင်းရှုံ့ကာ ဆို၏။

"သူတို့အသံတွေကို တိုးတယ်လို့ ထင်နေကြပေမယ့် စုယန် ပြီးတော့ မင်းနဲ့ ငါ့ရဲ့ အတွင်းအားတွေကြောင့် ဒီစကားတွေကို ရှင်းရှင်းလင်းလင်း ကြားနိုင်တယ်ဆိုတာ သူတို့ မသိကြဘူး။ ဒါပေမယ့် မင်း ဒီလို အတင်းအဖျင်းမျိုးကိုကြားတာ ပထမဆုံးအကြိမ် မဟုတ်ဘူး‌လေ။ မင်းက ဆယ့်နှစ်နှစ် ဒါမှမဟုတ် ဆယ့်သုံးနှစ်သားကတည်းက ဒီအတင်းအဖျင်းတွေကို ဂရုမစိုက်တတ်ခဲ့တာ ငါမှတ်မိသေးတယ်"

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now