အခန်း-၇၇ နှစ်ကြိမ်တိုင်တိုင် ငြင်းပယ်ခံရခြင်း။

2.2K 414 10
                                    

Unicode

အခန်း-၇၇ နှစ်ကြိမ်တိုင်တိုင် ငြင်းပယ်ခံရခြင်း။

[သမိုင်းက နောက်တစ်ကြိမ် ပြန်ဖြစ်လာပြီပဲ..]

ယွီချုံးနတ်သမားတော်၏ ခြံဝင်းသည် တောင်စောင်းပေါ်တွင် တည်ရှိပြီး ကျောက်စိမ်းအိမ်တော်၏ ဗိသုကာပုံစံနှင့် ဆင်တူသော အဖြူရောင် နံရံများနှင့် အနက်ရောင် ကြွေပြားများကို အသုံးပြုထားသည်။ သို့သော်လည်း အများစုမှာ ဆီးနှင်းများဖုံးလွှမ်းနေသောကြောင့် နေရာတိုင်းတွင် အဖြူရောင် အစက်အပြောက်များဖြင့် ဖုံးလွှမ်းနေပေ၏။

ဤနေရာသည် နှင်းတောင်ထွတ်တစ်ခုဖြစ်ကြောင်း ထင်ရှားသော်လည်း ခြံဝင်း၏
မဝေးလှသောနေရာ၌ စိမ်းလန်းသော သစ်ပင်အချို့ရှိနေသည်။ မည်သည့်နည်းလမ်းဖြင့် ပြုလုပ်ထားမှန်း မသိရသော်လည်း ၎င်းမှာ အေးစိမ့်သောပတ်ဝန်းကျင် အလယ်၌ နွေဦးရာသီ၏ နွေးထွေးမှု အငွေ့အသက်ကို ခံစားရစေသည်။

စုယန်သည် ကုဖေးတိ၏ နောက်ကျောမှ ဆင်းကာ အဝတ်အစားများကို သပ်ရပ်အောင် ပြုပြင်လိုက်သည်။ ပြီးနောက် နှစ်ယောက်သား ခြံတံခါးရှေ့သို့ လျှောက်သွားကာ တံခါးခေါက်လိုက်လေ၏။

သိပ်မကြာခင်မှာပင် တပည့်တစ်ယောက်ဖြစ်ပုံရသော လူငယ်လေးက ခြံတံခါးကိုဖွင့်ကာ မေးလာသည်။

"ဘယ်သူပါလဲခင်ဗျာ"

စုယန်သည် စကားအပြောအဆိုမတတ်သောကြောင့် ကုဖေးတိကသာ လက်သီးဆုပ်၍ နှုတ်ဆက်လိုက်လေသည်။

"နတ်သမားတော်ရဲ့ မိတ်ဆွေဟောင်းဖြစ်သူရဲ့သားက လာလည်တာပါ" ပြီးနောက် စုယန်အား ဆံညှပ်ကိုပေးရန် လက်ဟန်ပြလိုက်သည်။

"ဒါက ကျုပ်တို့မိသားစုအကြီးအကဲက အပ်နှင်းထားတဲ့ သင်္ကေတပါ။ နတ်သမားတော်လော့ကို ပြပေးနိုင်ရင် အရမ်းကို ကျေးဇူးတင်မိမှာပါပဲ"

ဝင်ပေါက်တံခါးကို စောင့်ကြပ်ပေးသော တပည့်က ဆံညှပ်ကို လက်ခံလိုက်သော်လည်း ချီတုံချတုံ ဖြစ်နေသည်။ သူက စုယန်နှင့် ကုဖေးတိကို အပြန်ပြန်အလှန်လှန်ကြည့်ကာ တွန့်ဆုတ်စွာ ပြောလေ၏။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now