အခန်း-၉၄ ကျောက်စိမ်းဆွဲကြိုးနှင့် မီးတောက်ဖြူကူ။

1.8K 308 3
                                    

Unicode

အခန်း-၉၄ ကျောက်စိမ်းဆွဲကြိုးနှင့် မီးတောက်ဖြူကူ

[လက်အောက်ငယ်သား လန်ဝူက သခင်ငယ်ကို နှုတ်ဆက်ပါတယ်...]

"သူ ဒီဆွဲကြိုးကို ဝတ်ထားသ၍ အဆင်ပြေနေမှာ သေချာလား?" ကုဖေးတိက မယုံကြည်နိုင်စွာ မေးလိုက်သည်။

"ငါ အဲဒီလို ထူးထူးခြားခြားကိစ္စမျိုးကို တစ်ခါမှ မကြားဖူးပါဘူး"

ချီထုန်းက ခေါင်းတယမ်းယမ်းနှင့် ဆိုလေသည်။

"ငါစာကို မဖတ်ခဲ့သလို ရှစ်ဇွင်းက ဘာပေးလိုက်မှန်းလဲမသိခဲ့ဘူး..... ဒါပေမယ့် ရှစ်ဇွင်းက အဆင်ပြေတယ်လို့ပြောရင် အဆင်ပြေလို့ပဲပေါ့"

စုယန်က သူ့လက်ထဲက ဇာမဏီကျောက်စိမ်းဆွဲသီးကို သေချာစူးစမ်းကြည့်လိုက်သည်။

ထိုဆွဲသီးမှ ထွက်လာသော ပူလောင်မှုကို သူသေချာ ခံစားနိုင်ခဲ့၏။ ၎င်းသည် လျော့နည်းသွားခြင်းမရှိဘဲ သူ့တစ်ကိုယ်လုံးအား ဖြည်းညှင်းစွာ ဝန်းရံလာလေသည်။

ကျောက်စိမ်းအိမ်တော်သခင် အမတချင်းပေါ်နှင့် ပတ်သက်သော ကောလာဟလများစွာကို သူပြန်အမှတ်ရမိသောအခါ သူမက သာမန်လူမဟုတ်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ သူမသည် မသေမျိုး ကျင့်ကြံသူ ဒါမှမဟုတ် ...... မူလဇာတ်လမ်းတွင် မပါရှိခဲ့သော အထူးဇာတ်ကောင်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ထိုကဲ့သို့သော ဇာတ်ကောင်မျိုး ဖြစ်ခြင်းကြောင့် သူမ၏စကားများသည် လိမ်ညာနေခြင်း မဟုတ်နိုင်ပေ။

ထိုအချက်ကို ထည့်သွင်းစဉ်းစားရင်း စုယန်သည်
ဇာမဏီကျောက်စိမ်းဆွဲသီးကို ဆုပ်ကိုင်ထားရင်း မြတ်နိုးဖွယ်ပန်းပွင့်ခြေလှမ်းကို အသုံးပြုလိုက်သည်။

သူ့လုပ်ရပ်က ကုဖေးတိအား အလွန် ထိတ်လန့်တုန်လှုပ်သွားစေ၏။

"မင်းဘယ်လိုခံစားရလဲ? မသက်မသာဖြစ်သေးလား?"

စုယန်သည် မျက်လုံးများကို အနည်းငယ်မှိတ်ထားရင်း အာရုံစိုက်ကြည့်လိုက်ရာ ဆွဲသီးမှ သိသာထင်ရှားသောအပူရှိန်သည် သူ့ခန္ဓာကိုယ်ထဲ၌ လှည့်ပတ်နေသော ရေခဲဝိညာဉ်ကို အမှန်တကယ် အဟန့်အတား ဖြစ်စေကြောင်း သိရှိလိုက်ရသည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now