အခန်း-၂၇ မြင်းဖြူတစ်ကောင်ကဲ့သို့ မြန်ဆန်သောအချိန်။

4.6K 957 24
                                    

Unicode

အခန်း-၂၇ မြင်းဖြူတစ်ကောင်ကဲ့သို့ မြန်ဆန်သောအချိန်။

[အရှုံးကို တိတ်တဆိတ်ဝန်ခံရုံကလွဲလို့ ရွေးချယ်စရာမရှိဘူးပဲ.. ဘယ်ဟာကများ ငါ့ကို ဘဝင်မြင့်အောင်လုပ်လိုက်တာပါလိမ့်?]

နှစ်သစ်ကူးပြီးနောက် စည်ကားတက်ကြွသော နွေဦးပွဲတော်သို့ ရောက်ရှိလာခဲ့သည်။ တံခါးပိတ် ကျင့်ခြင်းကို တားမြစ်ထားသော အားလပ်ရက်သည် ပထမလ၏ ဆယ့်ငါးရက်နေ့အထိ ကြာမြင့်မည် ဖြစ်ပေသည်။

ကျောက်စိမ်းအိမ်တော်သည် မူလက တပည့်များအား အခြားသူများ၏ ခြံဝင်းများသို့ လည်ပတ်ရန် ခွင့်မပြု ခဲ့သော်လည်း နွေဦးပွဲတော်ကာလအတွင်း ၎င်းသည် ခြွင်းချက်ဖြစ်သည်။

ထို့ကြောင့် ဖန်ရှီသည် စုယန်နှင့်အတူ နှင်း နှင့် ပန်းများ ကြည့်ရှုရန် သို့မဟုတ် အပြင်ထွက်ကစားဖို့ သူ့အား ပူဆာရန် နေ့တိုင်းလိုလို နွေဦးသက်ဝင်ဥယျာဉ်သို့ ရောက်လာလေ့ရှိသည်။

စုယန်သည် ဤလူဟာ ဇာတ်ညွှန်းထဲတွင် မိစ္ဆာဂိုဏ်း၏ သခင်ငယ်ရဲ့ နံပါတ်တစ်လက်ပါးစေဖြစ်တာကြောင့် သူ့ကို အမြဲတမ်းငြင်းဆိုတာဟာ မကောင်းဘူးဟု ခံစားမိသည်။ ထို့ကြောင့် သူသည် ဖန်ရှီနှင့်အတူ လေ့ကျင့်ရေးကွင်းသို့ အကြိမ်အနည်းငယ် လိုက်သွားကာ သူ၏'နတ်ကြာပွင့်ဓားသိုင်း' ကိုသုံးပြီး အခြားသူများအား နာကျင်စွာ အော်ဟစ်သည်အထိ နှိပ်စက်လေသည်။

ပိုထူးဆန်းသည်မှာ ဖန်ရှီ့အပြင် ရွှီယွင်ကျန်းကပါ သူ့အား လက်ဖက်ရည်သောက်ပြီး စစ်တုရင်ကစားရန် မကြာမဏ ဖိတ်ခေါ်တတ်လေသည်။ စုယန်သည် ကြိမ်ဖန်များစွာ ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့သော်လည်း ရွှီယွင်ကျန်းက စိတ်မပျက်ခဲ့ပေ။ နောက်ပိုင်းတွင် သူကိုယ်တိုင် လက်ဖက်ရွက်ယူလာပြီး လက်ဖက်ရည် ပြင်ဆင်ကာ စုယန်နှင့် သိုင်းပညာအကြောင်း လာရောက်ဆွေးနွေးလေတော့သည်။

ပထမလ၏ ဆယ့်ငါးရက်ကုန်လွန်သောအခါ ကြုံသလို ဝင်ထွက်သွားလာနေသောလူများကို စိတ်မရှည် တော့သော စုယန်သည် နွေဦးသက်ဝင်ဥယျာဉ်၌ သူတံခါးပိတ်ကျင့်ပြီ ဖြစ်ကြောင်း ကြေညာလိုက်လေသည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now