အခန်း-၇၀ အဖေ၊သားနှင့် ညီအစ်ကိုများကြား။

3.3K 505 14
                                    

Unicode

အခန်း-၇၀ အဖေ၊သားနှင့် ညီအစ်ကိုများကြား။

[ပျံသန်းငှက်အိမ်တော်မှာနေပြီး မင်းရဲ့အမှားကို ဆင်ခြင်သုံးသပ်နေလိုက်အုံး..]

နံနက်စာစားပြီးသည့်နောက် စုယန်သည် ဖန်ရှီနှင့်အတူ ထန်းယွင်စံအိမ်သို့ လိုက်ပါသွားရန် ဆုံးဖြတ်ခဲ့သည်။

ဖန်ရှီသည် လမ်းငါးရှိ သူ၏တည်းခိုခန်းသို့ ပထမဆုံး ပြန်လာခဲ့၏။ ပြီးနောက် အဝတ်အစားလဲကာ ခွင့်တောင်းစာကိုယူ၍ ထန်းယွင်စံအိမ်သို့ ထွက်လာခဲ့လိုက်သည်။

ထန်းယွင်စံအိမ် အပြင်ဘက်၌ တပ်စွဲထားသော အစောင့်သည် ဖန်ရှီကို သိနေပြီး စကားမဆိုဘဲ ခွင့်‌တောင်းစာကို လက်ခံယူခဲ့၏။ ပြီးနောက် ၎င်းကို သတင်းစကား ပေးပို့ရန် တာဝန်ရှိသူထံ လွှဲပေးလိုက်သည်။

ထိုလူသည် တံခါးအဟကြားမှ စုယန်နှင့် ဖန်ရှီအားတွေ့လိုက်ရသောအခါ အံ့ဩသံတစ်ခု ပြုလိုက်၏။ ခဏတာ စိုက်ကြည့်ပြီးနောက် သူလှည့်ကာ တိတ်တဆိတ် ထွက်သွားတော့သည်။

အစောင့်သည် တံခါးကို ချက်ချင်းပိတ်လိုက်ပြီး နေရာ၌ ပုံမှန်အတိုင်း ပြန်ရပ်နေလေသည်။

ထိုအချိန်တွင် ကုရော့ဟိုင်သည် ထန်းယွင်စံအိမ်၏ အရေးကိစ္စများကို ပြီးမြောက်သွားပြီဖြစ်ပြီး အမည်မသိသော အကြောင်းတစ်ခုခုကြောင့် ခုံပေါ်၌ အမူအရာမဲ့လျက် ထိုင်နေကာ အတွေးတွင် နစ်မြောနေလေ၏။

မကြာမီ စံအိမ်သခင်၏ ကိုယ်ပိုင်အစောင့်ဖြစ်သူက ဖန်ရှီ၏ ခွင့်တောင်းစာကို ကိုင်ဆောင်ကာ ရောက်လာလေသည်။

"စံအိမ်သခင်.. လူငယ်သူရဲကောင်းဖန် ဒီနေ့လဲ ရောက်လာပြန်ပါပြီ။ သင် သူ့ကို လက်မခံသေးပါဘူးလား"

ကုရော့ဟိုင်က အသိပြန်ဝင်လာပြီး ချက်ချင်း ငြင်းပယ်လိုက်၏။

"လက်မခံဘူး"

အစောင့်က ခေတ္တတိတ်ဆိတ်နေပြီးနောက် ဆက်ပြောလာသည်။

"ဒီနေ့ လူငယ်သူရဲကောင်းဖန်နဲ့အတူ အခြားတစ်ယောက်ပါ ပါလာပြီး အဲဒီလူကို ချွဲ့ရှိုနဲ့ ချွဲ့ကျစ်တို့က စောင့်ကြပ်ပေးနေတယ်လို့ သတင်းရလာပါတယ်။ အဲဒီလူက မိစ္ဆာဂိုဏ်းက စုယန်ဖြစ်နိုင်တယ်လို့ ယူဆတယ်တဲ့"

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now