အခန်း-၁၁၆ ကျောက်စိမ်းအိမ်တော်သို့ ပြန်သွားခြင်း။

1K 145 4
                                    

Unicode

အခန်း-၁၁၆ ကျောက်စိမ်းအိမ်တော်သို့ ပြန်သွားခြင်း။

[မင်းကိုယ်နဲ့လက်ထပ်ချင်လား?]

နှစ်သစ်ကူးနေ့ကို ကျွင်းယိုတောင်ခြေရင်းရှိ ခြံဝင်းငယ်တွင် ကုန်ဆုံးပြီးနောက် စုယန်နှင့် ကုဖေးတိတို့သည် ၎င်းတို့၏အိတ်များကို ထုပ်ပိုးကာ ကျောက်စိမ်းအိမ်တော်သို့ အမြန်သွားကြသည်။

နှစ်ကုန်ခါနီးလေး၌ ကုရော့ဟိုင်နဲ့ စုဟွိုက်ကျူးတို့သည် မိစ္ဆာဂိုဏ်းမှ ကိစ္စရပ်တွေကိုဖြေရှင်းပြီး ထန်းယွင်စံအိမ်သို့အတူတကွပြန်လာခဲ့ကြလေသည်။

မိစ္ဆာဂိုဏ်း၌ တိုက်ပွဲဖြစ်ပြီးကတည်းက စုဟွိုက်ကျူးသည် လူသိရှင်ကြား ထုတ်ဖော်ပြသခြင်းမျိုး တစ်ခါမျှ မပြုလုပ်ခဲ့ပေ။ ထို့ကြောင့်၊ ကုရော့ဟိုင်သည် စုဟွိုက်ကျူး၏နှလုံးကို ဓားဖြင့်ထိုးဖောက်ခဲ့ပြီး မိစ္ဆာဂိုဏ်း၏ဌာနချုပ်သည် မီးနှင့်အတူပါသွားခဲ့သည်ဟူသော သတင်းက ဆက်လက်တည်ရှိနေဆဲဖြစ်သည်။

ကုရော့ဟိုင်သည် မိစ္ဆာဂိုဏ်းသို့ ထပ်မံသွားခဲ့ပြီး ၎င်းတို့၏ကြီးထွားမှုကို ချဲ့ထွင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိုင်းလောက၏ ကောလာဟလတွင် ဖော်ပြခဲ့သည်။

ဓားပညာအမွေအနှစ်နှင့် ပတ်သက်၍ ဝူကျန်းမန်သည် ထန်းယွင်စံအိမ်က အဲ့လော့ကွေးထံမှ မိတ္တူကို ရယူခဲ့ကြောင်းနှင့် ၎င်းကို ဂိုဏ်းခွဲကြီးများသို့ လွှဲပြောင်းပေးရန် ဆန္ဒမရှိကြောင်း သတင်းအတုများ ဖြန့်ဝေခဲ့သည်။

ကုဖေးတိသည် ထန်းယွင်စံအိမ်မှ ပေးပို့ခဲ့သော သတင်းကို ကြည့်လိုက်ပြီး ဆိုသည်။

"ကံကောင်းထောက်မစွာပဲ လော့ယင်က ချီထုန်းနဲ့ ဆွေးနွေးခဲ့ပြီး အဲ့လော့ကွေးက ဓားပညာအမွေအနှစ်ကို တော်ဝင်ခုံရုံးဆီ ပေးအပ်ခဲ့တယ်လို့ ကြေညာခဲ့တယ်။ အဲဒါကို ဧကရာဇ်နန်းတော်ရဲ့
ကာကွယ်ရေးတပ်က ထိန်းသိမ်းထားတယ်။ အခုအချိန်မှာတော့ သိုင်းပညာအသိုင်းအဝိုင်းကလူတွေက သံသယမဖြစ်ရဲတော့သလို လောဘလည်း မတက်ရဲကြတော့ဘူး"

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now