အခန်း-၇၅ ယွီချုံးတောင်ပေါ်လမ်း။

2.2K 394 4
                                    

Unicode

အခန်း-၇၅ ယွီချုံးတောင်ပေါ်လမ်း။

[ဓားပညာအမွေအနှစ်ကိစ္စက ဘာကြောင့် မပြီးနိုင်သေးတာလဲ?]

ယွီချုံးတောင်သည် အလယ်ပိုင်းလွင်ပြင်၏ အနောက်တောင်ဘက်တွင် တည်ရှိပြီး ထိုနေရာရှိ ရာသီဥတုမှာ ပူနွေးစွတ်စိုပေ၏။ ရာသီလေးခု
ရှိသော်လည်း ဆောင်းရာသီသည် ပြင်းထန်စွာမအေးပါ။ ယခုအချိန်သည် ဆောင်းဦးနှောင်းပိုင်းဖြစ်သော်လည်း တောင်ခြေရင်းရှိ သစ်တောများမှာ စိမ်းလန်းစိုပြေနေပါသေးသည်။

သို့ရာတွင် ယွီချုံးတောင်ထွတ်သည် ကောင်းကင်ပေါ်ရှိ တိမ်စိုင်များထဲသို့ ထိုးဖောက်တည်ရှိနေပုံ ရလေ၏။ သင် ပိုမြင့်ရာသို့ရောက်လေလေ အေးစက်မှုကို ပို၍ ခံစားရလေလေဖြစ်သည်။

ထို့အပြင် ယွီချုံးတောင်ထွတ်သည် တခြားတောင်ထွတ်များထက် ထူးထူးခြားခြား အံ့သြဖွယ်အကောင်းဆုံးတည်ရှိနေပြီး တောင်ထိပ်၌ တစ်နှစ်ပတ်လုံး နှင်းများ ဖုံးလွှမ်းလျက်ရှိပေသည်။ အဝေးမှကြည့်ပါက ဖြူစင်ပြီး အပြစ်အနာအဆာကင်းစင်သော ကောင်းကင်ဘုံကိုးခု၏ နတ်သမီးနှင့်ပင် တူလေ၏။

ဤတောင်သည် အလွန်မတ်‌စောက်ပြီး မြင်မြင်သမျှ သစ်တောများ၊ကျောက်ဆောင်များ၊ ချောက်ကမ်းပါးများဖြင့် ပြည့်နှက်နေပေသည်။ သစ်ပင်အများစုသည် တောင်နံရံအက်ကြောင်းများမှ ထိုးထွက်ကာ အပေါ်ဘက်သို့ မြင့်နိုင်သမျှ မြင့်တက်နေလေ၏။ တောင်အပေါ်ဘက်သို့ ပိုရောက်လာသည်နှင့်အမျှ သစ်ပင်များ နည်းပါးလာသည်ကို တွေ့ရပေမည်။ အားနည်းသော မြက်ပင်များ၊ စပျစ်နွယ်ပင်များနှင့် ချုံနွယ်ပင်များသည်သာ ကျောက်တုံးများပေါ်တွင် ကပ်တွယ်ပေါက်ရောက်နေကြသည်။

ကံကောင်းထောက်မစွာ နတ်သမားတော်အတွက် ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရန် ကျဉ်းမြောင်းသော တောင်ကုန်းစောင်းတစ်လျှောက်တွင် သစ်သားနှင့် လေးထောင့်ကျောက်ပြားများကို အသုံးပြုကာ တောင်တက်လမ်းတစ်ခု တည်ဆောက်ထားခဲ့သည်။ အမတ်စောက်ဆုံးသော နေရာများတွင်လည်း သံကြိုးများကို သွယ်တန်းထားလေသည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now