အခန်း-၂၁ နွေမှဆောင်းသို့ ကူးပြောင်းခြင်း။

4.8K 916 29
                                    

Unicode

အခန်း-၂၁ နွေမှဆောင်းသို့ ကူးပြောင်းခြင်း။

[သူက အလုပ်ကြိုးစားတဲ့ သခင်ငယ်လေး ဖြစ်နေပါပြီ။]

နောက်နေ့မနက်၌ ကျောက်စိမ်းအိမ်တော်ရှိလူတိုင်းသည် စုယန် တံခါးပိတ်ကျင့်မည်ဟူသော သတင်းကို ကြားလိုက်ကြရသည်။

ကျောက်စိမ်းအိမ်တော်၏ စည်းမျဉ်းများသည် တင်းကျပ်ခြင်း မရှိသော်လည်း ၎င်းတို့၏သက်ဆိုင်ရာ ရှစ်ရှုံးနှင့် ရှစ်ကျဲတို့၏ စောင့်ရှောက်မှုအောက်တွင် လူငယ်မျိုးဆက်များသည် အခြားသူများ၏ နေအိမ်များသို့ သွားရောက်လည်ပတ်ခွင့် မရှိပေ။ ပုံမှန်အားဖြင့် တပည့်များသည် ညွှန်ပြမှုများကို စုဆောင်းပြီး ဖလှယ်လိုပါက ကျောက်စိမ်းအိမ်တော်ရှိ လေ့ကျင့်ရေးကွင်းနှင့် ဥယျာဉ်၊ ပန်းခြံများကို တွေ့ဆုံရန် နေရာအဖြစ် အသုံးပြုကြသည်။

သို့သော် စုယန်သည် ​​တံခါးပိတ်ကျင့်ရန် သူ၏ ကျောက်စိမ်းခေါင်းလောင်းကို အပ်လိုက်သည်နှင့် သူ့ဆန္ဒအတိုင်း ခြံဝင်းထဲမှ မထွက်နိုင်တော့ပေ။ သူနှင့်အတူနေထိုင်နေသော တိလင်းနှင့် ကုဖေးတိမှလွဲ၍ အပြင်လူများအား မြင်နိုင်မည်မဟုတ်ပေ။

ဖန်ရှီသည် စိတ်ပျက်လက်ပျက် ဖြစ်သွား၏။ သူသည် မနက်စာစားပြီးနောက် လီရှစ်ကျဲ၏ခြံဝင်းထဲကို ပြန်သွားကာ ကျောက်စိမ်းခေါင်းလောင်းကို အလျင်အမြန် အပ်လိုက်ပြီး သူသည်လည်း တံခါးပိတ်ကျင့်တော့မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

တဖန် ထိုနေ့ညစာစားပွဲ၌ ယခင်က ချီထုန်း၏ ခေါ်ဆောင်သွားခြင်းခံရသော လော့ယွင်သည်လည်း တံခါးပိတ်ကျင့်ပြီဖြစ်ကြောင်း ကြားလိုက်ရပြန်သည်။

ဤအကြိမ်တံခါးဖွင့်မှု၌ ကျောက်စိမ်းအိမ်တော်သည် တပည့်အသစ်ရှစ်ဦးအား လက်ခံခဲ့လေသည်။ သို့ရာတွင် နှစ်ရက်မပြည့်ခင်မှာပဲ တပည့်သုံးယောက် တံခါးပိတ် ကျင့်သွားကြလေသည်။

"ဒီလိုဆိုတော့ ငါတို့က ဘာမှမလုပ်ချင်ဘဲ ပျင်းရိနေတဲ့ လူတွေဖြစ်သွားသလိုပဲ" ရွှီယွင်ကျန်းသည် လက်ဖက်ရည် ခွက်တစ်ဝက်ကို ငှဲ့လိုက်ပြီး ကုဖေးတိကိုပေးကာ ပြုံးလျက် ဆက်ပြော၏။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now