အခန်း-၈၆ ကယ်တင်ရန်နည်းလမ်း။

1.9K 317 1
                                    

Unicode

အခန်း-၈၆ ကယ်တင်ရန်နည်းလမ်း

[အသက်တစ်ခုအတွက် တစ်ခုပေးဆပ်ရမှာ ဘယ်လောက်တောင် မတရားလိုက်သလဲ?]

စုယန်သည် ထူးဆန်းလှသော အိပ်မက်တစ်ခုရှိခဲ့သည်။

သူသည် ဓားပညာရှိ၏ ဂူသင်္ချိုင်းကို ရှာဖွေရန် မြေရိုင်းလွင်ပြင်သို့သွားခဲ့သည့် ဇာတ်ကြောင်းကို အိပ်မက်မက်ခဲ့၏။

သို့သော် ၎င်းသည် သူကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များနှင့် ကွာခြားနေပေသည်။ အိပ်မက်ထဲတွင် သူသည် မြေရိုင်းလွင်ပြင်သို့ ခရီးထွက်ခဲ့သော်လည်း ဓားပညာရှိ၏ ဂူသင်္ချိုင်းကို ရှာဖွေရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ ယင်းအစား ကုဖေးတိကိုရှာရန်သာ အထူးတလည် ခရီးထွက်ခဲ့ခြင်း ဖြစ်သည်။

မကြာခင်မှာပင် ကုဖေးတိကိုတွေ့ရှိခဲ့ပြီး သူနှင့် တိုက်ခိုက်ခဲ့၏။ အဲဒီနောက် ကုဖေးတိအား ကျောက်တုံးပေါ်၌ ဖိကပ်ကာ သူ၏မျက်နှာကို ကာထားသော ပုဝါပေါ်မှတဆင့် နမ်းရှိုက်ခဲ့သည်။ သူ၏ လက်များမှာ တစ်ဖက်လူ၏ အဝတ်ကို ချွတ်ရန် လျင်မြန်စွာ ရွေ့လျားနေ၏။

သို့သော် ထုန်းယွင်စံအိမ်မှ အစောင့်များ ပြေးလာကာ နှောင့်ယှက်သည်ကို ခံလိုက်ရသည်။ ကုဖေးတိသည် ထိုအခွင့်အရေးကို ဆုပ်ကိုင်ကာ သူ့လက်ထဲမှ လွတ်မြောက်ရန် ကြိုးစားခဲ့လေ၏။

ထို့နောက် ကုဖေးတိသည် ထုန်းယွင်စံအိမ်ရှိ လူတိုင်းနှင့် ပူးပေါင်းပြီး တိုက်ခိုက်ရန် ကြိုးစားခဲ့သည်။ ထို့ကြောင့် သူသည် ကုဖေးတိနှင့် တိုက်ပွဲများစွာ ဆင်နွှဲခဲ့ရ၏။

နောက်ဆုံးတော့ သူတို့နှစ်ယောက် မြစ်ကမ်းပါးစွန်းကို ရောက်သွားကြသည်။

နောက်ဆက်တွဲဖြစ်လာသည်ကတော့ ဂိုဏ်းပေါင်းစုံနှင့် ထိပ်တိုက်တွေ့ပြီး အဲ့လော့ကွေးဂိုဏ်းပါ စစ်မြေပြင်ထဲကို ထိုးဖောက်ဝင်ရောက်လာခြင်းပင်။

ထုံးစံအတိုင်း မိစ္ဆာဂိုဏ်း၏ သခင်ငယ်ဖြစ်‌သည့် စုယန်သည် ဘက်ပေါင်းစုံမှ ပစ်မှတ်ထားခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် ကုဖေးတိသည် ဖြောင့်မတ်လမ်းစဉ်ရှိ လူတိုင်းနှင့်ပူးပေါင်းကာ စုယန်အား ချောက်ကမ်းပါးစွန်းအထိ ဆုတ်ခွာသွားစေရန် ဖိအားပေးနိုင်ခဲ့သည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now