အခန်း-၈၈ ဆောင်းဦးလေပြေည။

1.8K 313 4
                                    

Unicode

အခန်း-၈၈ ဆောင်းဦးလေပြေည။

[ငါ့ကို ပိုနက်ရှိုင်းတွေ အမှတ်တရတွေ ပေးပေးပါ...]

ကုဖေးတိသည် စုယန်ကို စူးစူးစိုက်စိုက်စိုက်ကြည့်နေကာ သူ့မျက်လုံးများ၌ ရှုပ်ထွေးသော စိတ်ခံစားမှုများ ပေါ်ပေါက်လာသည်။

အချိန်အတော်ကြာပြီးနောက် သူက "အင်း"ဟု
တိုးညှင်းစွာ ပြောလာ၏။

စုယန်၏လက်ချောင်းများသည် ကုဖေးတိ၏
လည်ဂုတ်ပေါ်တွင်ရှိနေဆဲဖြစ်သည်။

ယခုအခါ ထိုလက်ချောင်းများသည် သူ၏လည်ပင်းအနောက်ဘက်သို့ အနည်းငယ် လျှောကျသွားလေ၏။

ကုဖေးတိသည် အတွင်းအဝတ်အစားကိုသာ ၀တ်ဆင်ထားသည်။ သူ၏အင်္ကျီလည်ပင်းမှာ လျော့တိလျော့ရဲ ဖြစ်နေပြီး စုယန် အနည်းငယ် ဆွဲလိုက်သည်နှင့် ဖြူဖွေးတောင့်တင်းသော ရင်အုပ်ကို လျပ်ကနဲ မြင်နိုင်သည်။

ပြတင်းပေါက်မှ နေရောင်ခြည်များသည် စုယန်၏ မျက်နှာပေါ်တွင် လိမ္မော်ရောင်ဖျော့ဖျော့ အလင်းတန်းများဖြင့် တောက်ပနေပြီး သူ၏ အနက်ရောင် မျက်ဝန်းများတွင် နွေးထွေးမှု ထင်ဟပ်နေလေသည်။

ကုဖေးတိသည် စုယန် ဘာလုပ်ချင်နေသည်ကို
ချက်ချင်းနားလည်လိုက်၏။

"ရှစ်ရှုန်း" သူက သက်ပြင်းချရင်း ဆိုလေ၏။
"မင်းရဲ့ခန္ဓာကိုယ်...."

"ငါ့ခန္ဓာကိုယ် အဆင်ပြေတယ်" စုယန်က အသံကို တမင်လျော့ကာ ညုတုတုပြုမူရန် ကြိုးစားလိုက်သည်။

"ငါက အားနည်းနေတာဆိုတော့.. ရှစ်တိက ပိုပြီး
တက်ကြွသင့်တယ်မဟုတ်လား"

ထုံးစအတိုင်း ကုဖေးတိက စိတ်ပူဆဲပင်။

"မင်းရဲ့ ခန္ဓာကိုယ်က အရမ်းအားနည်းနေတယ်။ အကြီးအကဲက ဆင်ဆင်ခြင်ခြင်နေဖို့ မှာထားတယ်လေ"

စုယန်က ဖြည်းညှင်းစွာ မျက်တောင်ခတ်ကာ ကုဖေးတိအား ကြည့်လိုက်သည်။

"မင်း ငါ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်လို့ ပြောခဲ့တယ်မလား"

ကုဖေးတိ: "ဒါပေမယ့် အဲ့ကိစ္စမပါဘူး......"

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now