အခန်း-၁၀ မမျှော်လင့်ထားသော ပြဿနာ။

4.9K 984 29
                                    

Unicode

အခန်း-၁၀ မမျှော်လင့်ထားသော ပြဿနာ။

[ အသုံးမကျသော က‌လေးတစ်ယောက် ဖြစ်လာခြင်း။ ]

"ကဲ ငါတို့အားလုံး အဆင်သင့်ဖြစ်ပြီဆိုတော့ တောင်ပေါ်တက်ကြရအောင်။ ချီအဘိုးအို.. ဝမ်ခဲ့
အခုပဲ ထွက်ခွာပါပြီ"

လူလတ်ပိုင်းအရွယ် အမျိုးသားက အဘိုးအိုအား ဦးညွှတ်နှုတ်ဆက်ခဲ့သည်။

သိုင်းပညာရှင်လူငယ်များသည် ထုံးကျောက်ချပ် လမ်းအတိုင်း လိုက်ပါသွားကြသည်။ လမ်းတစ်လျှောက် လုံး၌ သူတို့၏ စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်ထားလို့ မရပါချေ။

ကုဖေးတိ၏ ခြေလှမ်းများသည် ခဏရပ်တန့်သွားပြီး နောက်ဆုံးအကြိမ် ပိတ်ထားသောတံခါးကို ပြန်ကြည့်လိုက်၏။

ဖူလင်းယွင်က ပြောလိုက်သည်။

"ရှောင်ရှစ်ရှုံး.. အခုသွားကြရတော့မယ်လေ"

ကုဖေးတိသည် အံကြိတ်ကာ လက်သီးများကို ဆုပ်ထားသည်။ ခဏလောက် တုံ့ဆိုင်းနေပြီးနောက် လှည့်ထွက်ဖို့ ပြင်ဆင်လိုက်၏။

"လူငယ်လေး.."

ခြံတံခါးဝ၌ မျက်လုံးမှိတ်ပြီး အနားယူနေတဲ့ ချီအဘိုးအိုသည် ရုတ်တရက် စကားစပြောလိုက်သည်။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် ခပ်လှမ်းလှမ်းသို့ ရောက်နေခဲ့သော်လည်း ထိုစကားကြားသောအခါ ရပ်လိုက်ပြီး အဘိုးအိုထံ ပြန်လှည့်ကာ မေးလိုက်၏။

"ချီအဘိုးအို.. နောက်ထပ် ညွှန်ကြားစရာများ ရှိလို့လား"

အဘိုးအိုက ဘာမှပြန်မဖြေဘဲ မျက်လုံးမှိတ်ပြီး ဖြည်းညှင်းစွာဆက်ပြောသည်။

"လူငယ်လေး.. တခါတရံ ဆုံးဖြတ်ချက်တစ်ခုက မင်းကို ရေတိုအကျိုးအမြတ်ကို ပေးစွမ်းနိုင်တယ်... ဒါပေမယ့် နောင်လာမယ့်နေ့တွေမှာ ဒီအခိုက်အတန့်ကို မင်းပြန်တွေးတိုင်း အဲဒီဟာက မင်းရဲ့နှလုံးသားထဲမှာ ဆူးပင်ဖြစ်လာပြီး ဘယ်တော့မှ ဖယ်ရှားနိုင်တော့မှာ မဟုတ်ဘူး။ သိုင်းပညာရှင် တစ်ယောက်ရဲ့ မတည်မငြိမ်ဖြစ်နေတဲ့စိတ်က တိုးတက်မှုကို အဟန့်အတားဖြစ်စေလိမ့်မယ်"

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now