အချပ်ပို-၂

1.3K 182 3
                                    

Unicode

အချပ်ပို-၂ မပြောင်းလဲသော နားလည်မှု။

ချန်းစုယန် တိုက်ခန်းကို ပြန်ရောက်သည့်အခါ ပထမဆုံးလုပ်ခဲ့သည်မှာ သူ့ကုတင်အောက်ရှိ အသုံး အဆောင်ပစ္စည်းတွေ သိမ်းဆည်းထားသောသေတ္တာကို ထုတ်ယူခြင်းပင်။

သူ့တွင် အသုံးအဆောင်တွေ အများကြီးရှိပြီး ငှက်ပုံသဏ္ဍာန် လက်ဝတ်ရတနာရှိမရှိကို မမှတ်မိတော့ပေ။ သူက အားလုံးကို သွန်ချလိုက်ပြီး တစ်ခုချင်းစီ စစ်ဆေးခဲ့သည်။

အချိန်အတော်ကြာအောင် ရှာဖွေပြီးနောက်၊ ကောလိပ်ကျောင်းတက်စဉ်ကာလကက ကတ်ထူပုံးတစ်ခုကို တွေ့ရှိခဲ့ပြီး ၎င်းထဲတွင် ငှက်ပုံသဏ္ဍာန် လက်စွပ်တစ်ကွင်းကို တွေ့ရှိခဲ့လေသည်။

သူလက်စွပ်ကို လှမ်းကိုင်လိုက်သည်နှင့် နောက်ဆုံးတွင် ချန်းစုယန်၏ ခေါင်းထဲ၌ အသံတစ်ခု ထွက်ပေါ်လာသည်။

[ကြိုဆိုပါတယ်သခင်]

နောက်ဆုံးတော့ ချန်းစုယန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး မေးလိုက်သည်။

[ကုဖေးတိရဲ့ဝိညာဉ်က ဒီကမ္ဘာထဲရောက်လာပြီလား?]

စနစ်က ချက်ချင်းဆိုသလို ပြန်ဖြေ၏။

[ဟုတ်ကဲ့ သူ ဒီကမ္ဘာကို ရောက်လာပါပြီ]

ချန်းစုယန်က ထပ်မေးလိုက်သည်။

[သူအခု ဘယ်မှာလဲ?]

[ထောက်လှမ်း၍မရပါ။ ဒီလောကမှာ သူ့ရဲ့စိတ်ဝိညာဉ်နဲ့ ဆက်သွယ်မှု မသတ်မှတ်ရသေးပါ။ ချိတ်ဆက်မှုကို ထူထောင်ရန်အတွက် အိမ်ရှင်သည် သူနှင့် တစ်မိနစ်ဆက်တိုက် မျက်လုံးချင်းဆုံရန် လိုအပ်သည်]

ချန်းစုယန် "......"

ကောင်းပြီ။ အနည်းဆုံးတော့ကုဖေးတိဟာ ဒီလောကထဲကို ရောက်နေပြီဆိုတာ သေချာသွားလေပြီ။ လက်ရှိအချိန်မှာတော့ ကုဖေးတိကို ဒီကမ္ဘာမှာ ဘယ်လိုရှာရမလဲဆိုတာ အဖြေရှာဖို့ လိုအပ်နေပါပြီ။

ကုဖေးတိသည် ဝိညာဉ် ကူးပြောင်းလာခဲ့ပြီး ဤကမ္ဘာ၌ မည်သူမဆို ဖြစ်နေနိုင်သည်။ အသက်အရွယ်မရွေး၊ ကျားမမရွေး... သူသည် တရုတ်နိုင်ငံသား မဟုတ်ခြင်းပင် ဖြစ်နိုင်၏။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now