အခန်း-၇၄ ဖုံးကွယ်ထားခြင်းနှင့် နာကျင်မှု။

2.9K 506 41
                                    

Unicode

အခန်း-၇၄ ဖုံးကွယ်ထားခြင်းနှင့် နာကျင်မှု။

[ဟုတ်တယ်.. ငါက အဲ့လိုမိစ္ဆာကောင်ပဲ]

တောအုပ်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

ကြွေကျနေသော သစ်ရွက်ခြောက်သံများနှင့် အင်းဆက်များ၏ အော်မြည်သံများကို ကြားနိုင်သော်လည်း ၎င်းက တိတ်ဆိတ်မှုကို ပို၍တောင် သိသာသွားစေ၏။

အချိန်အတော်ကြာပြီးနောက် စုဟွိုက်ကျူးက နောက်ဆုံးတွင် စကားစလာခဲ့သည်။

"အနှစ်နှစ်ဆယ်ရှိနေပြီ။ ဘာလို့ ထပ်မေးနေသေးတာလဲ?"

ထိုသို့ဆိုရင်း မပြီးဆုံးသေးသော ကစားပွဲကို ရပ်တန့်ရန် စစ်တုရင်အပိုင်းအစများကို အိတ်ထဲသို့ ထည့်သိမ်းလိုက်သည်။

ကုရော့ဟိုင်က ပြောလာ၏။

"အဲဒီတုန်းက ငါတို့က ငယ်ရွယ်ပြီး တက်ကြွခဲ့ကြတယ်။ ငါတို့နှစ်ယောက်လုံး ဘယ်သူကမှ နောက်မဆုတ်ချင်ခဲ့ကြဘူး"

သူက ရုတ်တရက် ပြုံးလိုက်ပြီး ဆက်ပြောသည်။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က တစ်စုံတစ်ယောက် ပြောခဲ့တဲ့စကားက ငါ့ကိုနိုးကြားသွားစေခဲ့တယ်လေ။ တကယ်တော့ ငယ်ရွယ်တယ်ဆိုတာက အကြောင်းပြချက်တစ်ခုပဲဆိုတာ ငါသိလိုက်ရတယ်။ အဲဒီတုန်းက မင်းနဲ့ငါ တစ်ယောက်ကို တစ်ယောက် ရိုးသားမှု မရှိခဲ့ကြသလို..... လုံလောက်တဲ့ ယုံကြည်မှုမျိုးလဲ မရှိခဲ့ကြဘူး။ အဲဒါ‌ကပဲ ငါ့တို့နှစ်ယောက်ရဲ့ ရှည်လျားခါးသီးတဲ့ ခွဲခွာမှုကို ဖြစ်လာစေခဲ့တာ"

စုဟွိုက်ကျူးသည် စစ်တုရင်အပိုင်းအစများအားလုံးကို သိမ်းဆည်းပြီးနောက် လက်ဖက်ရည်ဗန်းကို စားပွဲပေါ်တင်လိုက်သည်။

"ဒါဆို ငါ့ရဲ့ဖိတ်ကြားမှုကို မင်းလက်ခံခဲ့တာက
လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ဖြစ်ပျက်ခဲ့တာတွေကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့်လား?" သူက ပြုံးလျက် ဆက်ပြော၏။

"မင်းကို စကားတစ်ခွန်းတည်းနဲ့ ဆွဲဆောင်နိုင်တဲ့သူက ဘယ်သူလဲဆိုတာ ငါနည်းနည်းတော့ သိချင်မိသား"

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now