အခန်း-၁၁၈ ဖြေရှင်းချက်နှင့် ရွေးချယ်မှု။

795 128 1
                                    

Unicode

အခန်း-၁၁၈ ဖြေရှင်းချက်နှင့် ရွေးချယ်မှု

[ဒီဘဝတစ်လျှောက်လုံး ကိုယ်မင်းကိုချစ်မြတ်နိုးသွားပါ့မယ်]

"အဲ့အကြည့်က ဘာလဲ?"

ကုဖေးတိသည် စုယန်၏ ပြတ်ပြတ်သားသား မထီမဲ့မြင်ပြုသော အကြည့်ကို ဖမ်းမိခဲ့သည်။ သူက ကူကယ်ရာမဲ့စွာ ပြောလိုက်၏။

"......အဲဒါ ရှစ်ဇွင်းနော်။ သူမကို လေးလေးစားစား ဆက်ဆံသင့်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မင်း သူမရဲ့နာမည်ကို မခေါ်သင့်ဘူး"

စုယန်က သူ့ပါးစပ်ကို ဖွင့်ဟလိုက်သော်လည်း ငြင်းခုံရန် အဆင်မပြေသဖြင့် ခေါင်းသာညိတ်လိုက်လေသည်။

"ကောင်းပါပြီ။ နောင်ကျရင် သူ့ကို လေးလေးစားစား ဆက်ဆံပါ့မယ် ကုသခင်ကြီးခင်ဗျာ"

ကုဖေးတိသည် ထိုစကားကိုကြားသောအခါ ရယ်မောလိုက်သည်။

"ကိုယ်မင်းကို ဆုံးမနေတာမဟုတ်ပါဘူး။ မင်း ရှစ်ဇွင်းကို ဒေါသထွက်အောင်လုပ်မိပြီး သင်ခန်းစာပေးခံရမှာ စိုးရိမ်နေတာ"

စုယန်က ပြုံးပြီး ခေါင်းယမ်းလိုက်၏။

ယခုတော့ ရှစ်ဇွင်း၏ ဇာတ်မြစ်ကိုသိသွားခဲ့ပြီး သူမသည် ခေတ်သစ်ကမ္ဘာမှ လာခဲ့ခြင်းဖြစ်ပေသည်။ ထို့ကြောင့် တစ်ဖက်လူက ရှေးမူတွေ၊ အထက်အောက် လေးစားမှုတွေနဲ့ ပတ်သတ်ပြီး လေးလေးနက်နက် မရှိကြောင်း သိထားပြီး သူမကို ကြောက်ရွံ့မှုမရှိခဲ့ပါ။

ထို့အပြင် ဤကဲ့သို့ ယုတ္တိမတန်သည့် မူရင်းဝတ္ထုကို ဖတ်ပြီးနောက်၊ စုယန်သည် ထိုစာရေးဆရာမကို မလေးစားနိုင်ခဲ့ပေ။ ...... သူ၏မျက်နှာ၌ လှောင်ပြောင်ခြင်းမျိုး မပြခဲ့ခြင်းသည် သူ၏ သည်းခံနိုင်စွမ်းက မြင့်မားနေ၍ဖြစ်သည်။

မူရင်းဝတ္ထုတွင် မိစ္ဆာဂိုဏ်း၏သခင်ငယ်သည် မေ့ကျူးတောင်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိထားသော ကုဖေးတိနှင့်တွေ့ဆုံခဲ့သည်။ သူသည် ကုဖေးတိကို မကယ်တင်ခဲ့ဘဲ မေ့ရှစ်စန်းက အကြံပြုသည့်အတိုင်း ပြောမပြနိုင်သော အရာအချို့ကို ပြုလုပ်ရန် အနီးနားရှိ လှိုဏ်ဂူထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် သူသည် ကုဖေးတိ၏နေရာကို အချိန်တိုင်းခြေရာခံနိုင်ရန်အတွက် နုပျိုရနံ့သာဆေးလုံးကို ကုဖေးတိအား အမှန်တကယ် တိုက်ကျွေးခဲ့ပါ၏။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now