အခန်း-၉၂ ငါအမြင်မှားတာပဲ ဖြစ်ရမယ်။

1.9K 341 24
                                    

Unicode

အတွဲ (၄) ထောင်ပေါင်းများစွာသော မက်မွန်ပွင့်တို့မှာ ‌ထပ်မြင့်အဆောက်အဦးအား ရောင်ပြန်ဟပ်လေ၏။

အခန်း-၉၂ ငါအမြင်မှားတာပဲ ဖြစ်ရမယ်။

[ငယ်ရွယ်တဲ့ အမျိုးသမီးတစ်ဦးရဲ့ အကြိုက်က
ဒီလောက်တော့ မလွန်ကဲနိုင်ဘူး]

ဆောင်းရာသီကာလသို့ လုံးလုံးဝင်ရောက်ရန်
ရက်နှစ်ဆယ်သာ လိုတော့သည်။

ကျောက်စိမ်းတောင်ခြေရှိ နတ်သမားတော်ရွာသည် နှင်းများ မဖုံးလွှမ်းသေးသော်လည်း ဆောင်းလေအေးများ တိုက်ခတ်နေပြီး သစ်ရွက်ခြောက်များအား နေရာအနှံ့သို့ လွင့်ပျံနေစေသည်။

စုယန်သည် မီးခိုးရောင် မြေခွေးသားမွေး ဝတ်ရုံကို ခေါင်းမှလွှမ်းခြုံထားပြီး သူ၏မျက်ခုံးနှင့် မျက်လုံးများကို အမှောင်ရိပ်တွင် ဖုံးကွယ်ထားလေသည်။

နှင်းတောင်ပေါ်မှ စဆင်းချိန်မှစ၍ တစ်လျှောက်လုံးလည်း နှလုံးနွေးဆေးဆိုသည်ကို အဆက်မပြတ် ငုံထားရလေ၏။ ဆေးလုံးမှာ ပူနွေးသောကြောင့် သူ၏ ပါးပြင်များပင် ပူလောင်နေလေပြီ။ သူ၏ မျက်ဝန်းများနှင့် နှုတ်ခမ်းများမှာ အနည်းငယ် နီဆွေးနေပြီး ပို၍ပင် နူးညံ့ကာ ဆွဲဆောင်မှုရှိစေသည်။
ဆီးနှင်းများ ပိတ်ဆို့နေသော တောင်လမ်းခရီးကို ဖြတ်သန်းရသည့်မှာ ခက်ခဲသည့်အပြင် ယခုအချိန်တွင် သူသည် အတွင်းစွမ်းအားကိုလဲ အသုံးမချနိုင်သေးပေ။ သူအရမ်းပင်ပန်းကာ တစ်ကိုယ်လုံး အားနည်းနေသလို ခံစားရသောကြောင့် ကုဖေးတိကို မှီကာ ပွေ့ဖက်ထားလိုက်သည်။ သူ၏အသွင်အပြင်မှ အဝေးကကြည့်လျှင် ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းသော အမျိုးသမီးငယ်လေးနှင့် တူပေ၏။

နတ်သမားတော်ရွာမှ ရွာသားများသည် မျက်နှာတစ်ဝက်သာ ပြထားသော်လည်း အလွန်ဆွဲဆောင်မှု ရှိလှသည့် လူမျိုးကို မြင်ခွင့်ရရန် ခဲယဉ်းသောကြောင့် မစပ်စုဘဲ မနေနိုင်ကြတော့ပေ။ ချက်ချင်းဆိုသလို သူတို့သည်
နတ်သမားတော်လော့ တောင်ပေါ်က
ဆင်းလာသည်ဖြစ်ကြောင်းကို သိရှိသွားကြတော့၏။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now