အခန်း-၁၄ ရုန်းကန်နေစရာ မလိုတော့ဘူး။

4.9K 1K 34
                                    

Unicode

အခန်း-၁၄ ရုန်းကန်နေစရာ မလိုတော့ဘူး။

[ကျောက်စိမ်းအိမ်တော်ရေ.. မင်းရဲ့ကိုယ်ကျင့်တရားနဲ့ အခြေခံကျင့်ဝတ်တွေက ဘယ်မှာလဲ..?]

စုယန်သည် ခေါင်းကိုက်လာပြီး သူ့ပုခုံးတွေကို နှိပ်နယ်ရင်း ပြန်ဖြေဖို့ကို ငြင်းဆန်နေခဲ့သည်။

ရွှီယွင်ကျန်း၏ အကြည့်များသည် ကုဖေးတိနှင့် စုယန်တို့ကို နှစ်ကြိမ်လှည့်ပတ်သွားသည်။ ခဏအကြာတွင် ပတ်ဝန်းကျင်၌ ထူးဆန်းစွာ တိတ်ဆိတ်မှုအတိ ကြီးစိုးသွား၏။

များမကြာမီပင် ကျောက်တုံးသစ်တောထဲမှ လူအရိပ်နှစ်ခုသည် တစ်ပြိုင်နက် ထွက်ခွာလာကြသည်။ တစ်ယောက်သည် ဘယ်ဘက်မှ ထွက်လာခြင်းဖြစ်ပြီး အခြားတစ်ယောက်သည် ညာဘက်မှဖြစ်၏။

ဖူလင်းယွင်သည် ထွက်ပေါက်ဝ၌ ပျင်းရိစွာရပ်နေသော ကုဖေးတိနှင့် ရွှီယွင်ကျန်းအား တွေ့လိုက်ရလေသည်။
သူမသည် ပြုံးလျက် အပြေးအလွှားလာကာ ဆို၏။

"ရှောင်ရှစ်ရှုံးက ပထမဆုံးရောက်မယ်ဆိုတာ ငါ သေချာပေါက် သိတယ်။ ဘာလို့အပြင်ကို မထွက်သေးတာလဲ.. အတူတူထွက်ဖို့ ငါ့ကိုစောင့်နေတာလား"

တစ်ဖက်တွင် ဖန်ရှီ၏အကြည့်များသည် ကုဖေးတိတို့ အဖွဲ့ကို လွှမ်းခြုံသွားသည်။ ထို့နောက် ထွက်ပေါက်ရှိ စုယန်ကို တွေ့လိုက်ရသောအခါ သူ၏ အံ့ဩထိတ်လန့်မှုကို မဖုံးကွယ်နိုင်ပါချေ။

ထိုအချိန်တွင် ဖူလင်းယွင်သည်လည်း စုယန်ကို သတိထားမိသွား၏။ သူမက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ရှင်ဘာလို့ဒီကိုရောက်နေတာလဲ?"

စုယန် ဘာမှပြန်မပြောခင် ကုဖေးတိနှင့် ဖန်ရှီတို့မှ တစ်ချိန်တည်း အသံထွက်လာလေသည်။

ကုဖေးတိ : "သူက ပထမဆုံးရောက်လာတာ"

ဖန်ရှီ : "သူက ဘာလို့ ဒီကိုမရောက်နိုင်ရမှာလဲ"

"သူက ပထမဆုံးရောက်လာတာလား?!" ဖန်ရှီသည်
ဤတစ်ကြိမ်၌ အမှန်ပင် အံ့သြသွားရ၏။ သူသည် စုယန်ကို ကြည့်ကာ မေးလိုက်သည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now