အခန်း-၈၁ အချစ်စကားများနှင့် သံသယ။

2.3K 374 13
                                    

Unicode

အခန်း-၈၁ အချစ်စကားများနှင့် သံသယ။

[ကိုယ်မင်းနဲ့အတူ နေ့တိုင်း ပြုံးနေမယ်...]

စုယန် ရှေ့ကိုတိုးလာပြီး စာရွက်ကိုယူကာ ဂရုတစိုက်ဖတ်လိုက်သည်။

ပထမစကားလုံးရှစ်လုံးသည် ကောင်းမွန်သောအရာမဟုတ်ကြောင်း မှန်းဆနားလည်နိုင်သော်လည်း နောက်ဆုံးစကားလုံးရှစ်လုံး၏ အဓိပ္ပါယ်မှာမူ လွန်စွာရှင်းလင်းလှပေသည်။

"ဆိုလိုတာက ကျွန်တော်.." စုယန်က လော့ယွီကို မော့ကြည့်ကာ မေးလိုက်သည်။

".. သရဖူဆောင်းတဲ့ အရွယ်အထိ အသက်ရှင်နိုင်မှာ မဟုတ်ဘူးပေါ့"

လော့ယွီက တိုက်ရိုက်ပြန်မဖြေဘဲ သက်ပြင်းချလိုက်ပါ၏။ ပြီးနောက် သူက မေးလာသည်။

"မင်းက ဒီနှစ်ဆို ဆယ့်ကိုးနှစ်ရှိပြီလား?"

စုယန်က ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပါတယ်"

လော့ယွီ : "မင်းရဲ့မွေးနေ့က နွေရာသီလား?"

စုယန် : "ဟုတ်တယ်......ပဉ္စမလပါ"

စုယန်က ခေတ္တရပ်လိုက်ပြီး မေးလိုက်သည်။

"ဒီကျိန်စာအတွက် ကျွန်တော့်ရဲ့ ဆွေမျိုးသားချင်းရဲ့ သွေးကိုလိုအပ်တယ်လို့ ပြောခဲ့တယ်နော်?"

လော့ယွီ ခဏမျှ တိတ်ဆိတ်သွားသည်။ ပြီးနောက် သူ စုယန်လက်ထဲက စာရွက်ကိုယူကာ မီးပုံးထဲသို့ ပစ်ချလိုက်လေ၏။

"ညရောက်နေပြီ" သူက စုယန်၏အမေးကို ရှောင်လွှဲလိုက်သည်။

"တံခါးအပြင်ဘက်က တပည့်က မင်းအနားယူဖို့ အခန်းလိုက်ပြပေးလိမ့်မယ်"

စုယန်သည် သူ့နောက်‌ကျောရှိ ကျိန်စာကို ကုဖေးတိ မြင်ထားပြီးပြီ‌ဖြစ်ကြောင်း ရုတ်တရက် သတိရသွား၏။

ထိုအချိန်က ကုဖေးတိ၏ အ‌ပြောအဆိုနှင့် အမူအရာကို ပြန်စဉ်းစားပြီး သူ့ရင်ထဲ၌ ပြင်းထန်သောစိုးရိမ်ပူပန်မှုများနှင့်အတူ နာကျင်ခါးသီးမှုတစ်ခု ထွက်ပေါ်လာလေသည်။ ဤကျိန်စာအတွက် မည်သူကအသက်ကို စတေးခဲ့ရသည်ကို သူထပ်မသိချင်တော့ပါ။ ယင်းအစား သူသည် လော့ယွီကို အလျင်အမြန် နှုတ်ဆက်ကာ အခန်းအပြင်သို့ လှည့်ထွက်ခဲ့၏။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now