အခန်း-၇၈ ဘာလို့ သေရမှာကို မကြောက်တာလဲ?

2.3K 439 14
                                    

Unicode

အခန်း-၇၈ ဘာလို့ သေရမှာကို မကြောက်တာလဲ?

[မင်းကိုယ့်ကို..တကယ်ပဲချစ်ရဲ့လား?]

ကုဖေးတိ ဒူးထောက်လိုက်သောအခါ ချင်ကျန်းယွဲ့က လုံးဝမအံ့သြသော်လည်း စုယန်ကမူ အံ့အားသင့်သွားခဲ့သည်။

သူက ကုဖေးတိ၏ လက်မောင်းကို အမြန်ဆွဲလိုက်ပြီး စိုးရိမ်တကြီးဆို၏။

"မင်းဘာလုပ်နေတာလဲ!"

ခေတ်သစ်လူများအတွက် ဒူးထောက်တောင်းဆို ခြင်းသည် ဂုဏ်သိက္ခာကို လုံးလုံးလျားလျား ချနင်းပစ်လိုက်ခြင်းပင်။ စုယန်သည် တစ်စုံတစ်ရာကို တောင်းဆိုရန်အတွက် ဘယ်သောအခါမှ နှိမ့်ချစွာ ဒူးမထောက်ခဲ့ဖူးပေ။ ကုဖေးတိ သူ့အတွက် ဤကဲ့သို့ နှိမ့်ချစွာ ပြုမူနေခြင်းကို သူသည်းမခံနိုင်သည်မှာ သေချာပါသည်။

သူ့အမြင်အရ လော့ယွီသည် ကူအဆိပ်ကို လုံးဝမကုသပေးဟု စိတ်ပိုင်းဖြတ်ထားပြီးသားဖြစ်သောကြောင့် အသနားခံကာ သူတို့ကိုယ်သူတို့ မနှိမ့်ချနေသင့်တော့ပေ။ သူ့ဆီ၌ 'ကြက်သွေးနီ ညှိုးနွမ်းခြင်း' ရှိနေသ‌၍ အဆိပ်ကို ဆယ်စုနှစ်များစွာကြာ နှိမ်နင်းထားနိုင်ပါသေးသည်။ ၎င်းက သူ့အတွက် ဤကမ္ဘာမှာ ကုဖေးတိနှင့်အတူ အချိန်ကုန်ဆုံးရန် လုံလောက်ပါသေး၏။

သို့သော် သူမသိသည်မှာ ကုဖေးတိက သူ၏အခြေအနေကြောင့် အလွန်အမင်း စိုးရိမ်နေခြင်းကိုပင်။

ကုဖေးတိ၏ စိတ်ထဲ၌ ကြောက်ရွံ့မှုသည် သူ့အရိုးများထဲသို့ နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်သွားပြီး အရာအားလုံးကို စွန့်လွှတ်ကာ သူဆုပ်ကိုင်နိုင်သည့် နောက်ဆုံးသော အခွင့်အရေးကို အမိအရ ဖမ်းယူလိုစိတ်ရှိနေသည်။ သူ့ကိုယ်သူ နှိမ့်ချရမည်ဆိုလျှင်တောင် မမှုပေ။

စုယန်က ၎င်းကို မသိသည့်အတွက် ခဏတာ လက်ခံနိုင်စွမ်း ကင်းမဲ့နေလေ၏။

သူက ကုဖေးတိ၏လက်ကိုဆွဲကာ မြေကြီးပေါ်မှ ဆွဲထူဖို့ ကြိုးစားရင်း ဆိုလေသည်။

"ငါတို့က သူ့ကို ရောဂါကုခိုင်းဖို့ လာခဲ့ရုံပဲလေ။ ဒီရောဂါက သေလောက်စရာလည်း မဟုတ်ပါဘူး။ ဒီလိုနှိမ့်ချပြီး ကိုယ့်ကိုယ်ကို အရှက်ခွဲနေစရာ မလိုဘူး...."

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now