အခန်း-၆၃ အခြေအနေ ပြောင်းလဲခြင်း။

3.5K 619 12
                                    

Unicode

အခန်း-၆၃ အခြေအနေ ပြောင်းလဲခြင်း။

[ဒီနေရာမှာ မလုံခြုံတော့ဘူး..ချင်ချင်းထွက်သွားရမယ်!]

ကျယ်ပြောလှသော ကျောက်စိမ်းတောင်တန်းသည် အနောက်မြောက်ဘက်ရှိလွင်ပြင်နှင့် အနောက်တောင်ဘက်ရှိ နှင်းတောင်တို့ကို ပိုင်းခြားထားသည်။ ကျောက်စိမ်းတောင်၏ လမ်းဆုံနှင့် အလယ်ပိုင်းလွင်ပြင်၏ အနောက်တောင်ထောင့်စွန်းတွင် ယွီချုံးနှင်းတောင်ဟုခေါ်သော တောင်ကြီးတစ်လုံးရှိပေ၏။

မိစ္ဆာဂိုဏ်းမှ ယွီချုံးနှင်းတောင်သို့ရောက်ရှိရန် နည်းလမ်းနှစ်သွယ်ရှိပေသည်။ ပထမတစ်ခုက မြောက်ဘက်စောင်းမှ ကျောက်စိမ်းတောင်ကိုတက်ပြီး ကုန်းပြင်မြင့်သို့ တည့်တည့်လျှောက်သွားခြင်းဖြစ်သည်။ နောက်တစ်ခုကတော့ ကျောက်စိမ်းတောင်ကို ကွေ့ပတ်ပြီး အလယ်ပိုင်းလွင်ပြင် ကုန်းမြေကိုဖြတ်ကာ အရှေ့တောင်ဘက်‌ ရှေးဟောင်းလမ်းတစ်လျှောက် ဖြတ်လျှောက်ခြင်း ဖြစ်သည်။

ထန်းယွင်စံအိမ်သည် ယွီချုံးတောင်၏အရှေ့ဘက်တည့်တည့်ရှိ အလယ်ပိုင်းလွင်ပြင်၏ တောင်ဘက်ပိုင်းတွင်တည်ရှိသည်။

မြေရိုင်းလွင်ပြင်မှ ထန်းယွင်စံအိမ်သို့ရောက်ရန် ချန်ပြည်နယ်ကိုဖြတ်၍ အရှေ့တောင်ဘက်တည့်တည့်သို့သွားခြင်း သို့မဟုတ် ကျောက်စိမ်းတောင်တစ်လျှောက် တောင်ဘက်သို့သွား၍ လျောင်ပြည်နယ်ကို ဖြတ်သွားခြင်းတို့ ပြုနိုင်သည်။

သို့သော် ဒုတိယလမ်းကြောင်းသည် ချန်ပြည်နယ် ၏ဦးတည်ရာသို့သွားခြင်းထက် တစ်ရက်ပိုကြာမည့်လမ်းရှည်ဖြစ်ပေသည်။

ယခု ကုဖေးတိသည် ဝူကျန်းမန်နှင့်ပတ်သက်ပြီး သံသယအချို့ရှိနေသောကြောင့် ၎င်းတို့ နယ်မြေဖြစ်သည့် ချန်ပြည်နယ်ကို ဖြတ်ကျော်မသွားချင်သည်မှာ ထင်ရှားသည်။ ထို့ကြောင့် သူတို့နှစ်ဦးသည် လျောင်ပြည်နယ်ကိုဖြတ်ရန် လမ်းကြောင်းအသစ်ကို ဆွေးနွေးခဲ့ကြလေသည်။ တစ်ရက် ပိုကြာသွားလျှင်တောင် ကိစ္စမရှိပါ။

နောက်တနေ့ မနက်စောစောတွင် သုံးယောက်သား မြင်းများဖြင့် ဒုန်းစိုင်းစီးနှင်လာကြပြီး နောက်မြို့တစ်ခုသို့ ညနေစောင်းအချိန် ရောက်လာသည်။ မြို့သည် သေးငယ်သည်မဟုတ်၊ လမ်းဘေးဆိုင်များစွာလည်းရှိ၏။ စုယန်သည် သူကြိုက်သည့် တည်းခိုခန်းတစ်ခုကို
ကျပနရွေးလိုက်ပြီး ကုဖေးတိနှင့် မေ့ရှစ်စန်းတို့ကို အထဲသို့ ဆွဲခေါ်သွားလိုက်သည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now