အခန်း-၅၈ ပျော်ရွှင်မှုနှင့် နာကျင်မှုများ ‌မျှဝေခြင်း။

4.2K 819 36
                                    

Unicode

အခန်း-၅၈ ပျော်ရွှင်မှုနှင့် နာကျင်မှုများ ‌မျှဝေခြင်း

[ဤနေရာငယ်လေးဟာ ငါတို့ရဲ့ကမ္ဘာ.....]

စုယန် 'ကြက်သွေးနီညှိုးနွမ်းခြင်း'၏ တတိယအဆင့်ကို ဖြတ်ကျော်နိုင်သည့်နေ့သည် ကုဖေးတိ အဆိပ်သင့်ပြီး နှစ်ဆယ့်ခုနစ်ရက်မြောက်နေ့ ဖြစ်သည်။

ဤကာလအတွင်း ကုဖေးတိ၏အခြေအနေမှာ ပိုဆိုးလာပြီး နေ့တိုင်းနီးပါး သွေးချောင်းဆိုးလေ့ရှိသည်။

ကံကောင်းထောက်မစွာ သူသည် စားနိုင်ဆဲ၊ သောက်နိုင်ဆဲ၊ အသိစိတ်ရှိဆဲဖြစ်ပြီး ထုံးစံအတိုင်း စားပွဲမှာထိုင်ကာ စာရေးနိုင်ပါသေးသည်။

စုယန် ဒုတိယအဆင့်ကို အောင်မြင်ပြီးချိန်က အချိန်အတန်ကြာ သတိလစ်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်ရှိ ရေခဲဝိညာဉ်က တစ်ဖန်ပြန်လည်ထကြွလာ‌ခဲ့သည်။ ကုဖေးတိသည် သူ၏ အတွင်းအားကိုသုံးကာ စုယန်အား နွေးထွေးအောင် ကူညီပေးခဲ့ရပြီး သူ၏မျက်နှာ ဖြူဖျော့သွားသည်အထိ ကူအဆိပ်၏ ညှင်းပန်းမှုကို ခံခဲ့ရသေးသည်။

ကံကောင်းထောက်မစွာ အရာအားလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီး ပြသနာများ ထပ်မံမဖြစ်ပွားခဲ့ပါ။

စုယန်သည် ကျောက်ခန်းသို့ ပြန်လာခဲ့ပြီး ကုဖေးတိနှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။ သူ့တစ်ကိုယ်လုံး၌ အေးစက်နေသော အငွေ့အသက်များနှင့် လွှမ်းခြုံနေလေ၏။

ကုဖေးတိ၏လက်ထဲက စုတ်တံသည် ရပ်တန့်သွားပြီး စာရွက်ပေါ်၌ မှင်စက်တစ်ပေါက် စွန်းထင်းသွားသည်။ သူက သတိထားမိပုံမပေါ်ဘဲ ထုံးစံအတိုင်း တိုးညှင်းစွာ မေးလာ၏။

"မင်းအောင်မြင်သွားပြီလား?"

"အင်း.. ငါအောင်မြင်သွားပြီ" စုယန်က ခေါင်းညိတ်ပြပြီး ဆက်မေးလိုက်သည်။

"အမ်... ငါတို့ ဘယ်အချိန် အဆိပ်ထုတ်ကြမှာလဲ?"

ကုဖေးတိက စုတ်တံကို ချလိုက်ပြီး စုယန်ကိုကြည့်ရန် မျက်လုံးပင့်လာ၏။

"မင်းဆန္ဒရှိမယ်ဆိုရင် အချိန်မရွေးထုတ်လို့ရတယ်။ ငါက အဆင်ပြေပါတယ်"

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now