အခန်း-၅၄ ဝတ်စုံဖြူနှင့် လျှို့ဝှက်ဆန်းကြယ်သောလူ။

3.7K 758 46
                                    

Unicode

အခန်း-၅၄ ဝတ်စုံဖြူနှင့် လျှို့ဝှက်ဆန်းကြယ်သောလူ။

[ရူးမိုက်ခဲ့မှုကြောင့် ငိုချင်ခြင်း... ]

သူ့ကိုယ်သူ 'ဒီအရှင်' လို့ ရည်ညွှန်းသံကိုကြားသောအခါ
ကုဖေးတိသည် ချက်ချင်းပင် သတိချပ်သွားပြီး မသိစိတ်က အတွင်းအားကို ထုတ်သုံးကာ ဓားကိုဆွဲထုတ်လိုက်မိသည်။

(T/N: အရှေ့အပိုင်းမှာ 'ဒီတစ်ယောက်' လို့ သုံးထားတာကို ပြန်ပြင်လိုက်ပါတယ်နော်။ အမှန်က
本座 <ben zuo> လို့ သုံးထားတာဖြစ်ပြီး အင်အားကြီးတဲ့လူတွေ ကိုယ့်ကိုကိုယ် ဂုဏ်ယူညွှန်းဆိုတဲ့ အသုံးအနှုန်းပါ)

သို့သော် သူသည် အဆိပ်ကို နှိုးဆွမိသွားပြီး မျက်နှာတစ်ခုလုံး ချက်ချင်း ဖြူဖျော့လာကာ ပါးစပ်မှ သွေးများ အန်ထွက်လာသည်။

စုယန်သည် ကုဖေးတိကို အလျင်စလို တွဲလိုက်ပြီး အော်ငေါက်လိုက်၏။

"မင်းရဲ့ အတွင်းအားကို မသုံးပါနဲ့ဆို! ဘာလို့ ဒီလိုတွေ အမြဲလုပ်နေတာလဲ?"

ကုဖေးတိက စုယန်၏လက်ကို ရုတ်တရက် ဖမ်းဆုပ်လိုက်သည်။

"စုယန်.. သူက... "

ကုဖေးတိ၏ စကားမဆုံးခင်မှာ အဖြူရောင် ပုံရိပ်တစ်ခုက လျှပ်ကနဲ ပျံသန်းလာသည်။ သူ၏ရင်ဘတ်သည် ကြီးမားသော အင်အားတစ်ခုဖြင့် ရိုက်ခတ်ခံလိုက်ရပြီး ဂူနံရံပေါ်သို့ ပြင်းပြင်းထန်ထန် တိုက်မိသွားလေ၏။

သူသည် ဒူးထောက်လဲကျသွားပြီး ပြန်မထနိုင်တော့ပေ။ အချိန်အတန်ကြာ ရုန်းကန်ပြီးနောက် ပါးစပ်ထဲမှ သွေးများ ထပ်မံအန်ထွက်လာပြန်သည်။

စုယန် တုန်လှုပ်သွားလေသည်။

သူ့မျက်စိရှေ့၌ ကုဖေးတိ ဒဏ်ရာအပြင်းအထန် ရနေသည်ကို တွေ့လိုက်ရသောအခါတွင် သူသည် အလိုလို ပြေးသွားမိပြီး ကူညီချင်သည်။

သို့သော်လည်း သူမသွားရသေးခင်မှာပင် သူ့လည်ပင်းကို သန်မာအားကောင်းသော လက်တစ်စုံက ဖမ်းဆုပ်လာပြီး လေပေါ်မြှောက်ခံလိုက်ရလေသည်။

စုယန်သည် သူ၏အတွင်းအားကို အသုံးပြုလိုက်ပြီး ဓားကို ဆွဲထုတ်လိုက်သည်။ ပြီးနောက် နတ်ကြာပွင့်ဓားသိုင်း၏ 'သန့်စင်ခဝါချခြင်း'ကို အသုံးပြုကာ ပြိုင်ဘက်၏ရင်ဘတ်ကို ချိန်ရွယ်လိုက်လေ၏။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now