အခန်း-၆ လူရွေးပွဲ၏ ပထမဦးဆုံး အကဲဖြတ်ခြင်း။

5.3K 996 15
                                    

Unicode

အခန်း-၆ လူရွေးပွဲ၏ ပထမဦးဆုံးအကဲဖြတ်ခြင်း။

[ဒီကောင်နှစ်ကောင်က သူ့ရဲ့ ဇာတ်လိုက်ကို ခိုးသွားတဲ့သူတွေပဲ!]

ဖန်ရှီသည် တစ်ခဏမျှ နှုတ်ဆိတ်နေပြီး တောက်ပစွာ ပြုံးပြလိုက်သည်။

"ချီးမွမ်းမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်!"

ဒီတစ်ခါတော့ စုယန်က နှုတ်ဆိတ်နေသည်။

ဖန်အာသည် လူရွှင်တော်ဇာတ်ရုပ်မှ ညိုညိုချောချော ညီငယ်လေးအဖြစ်သို့ ပြောင်းလဲသွားသော်လည်း ထိုခွေးလက်ပါးစေသည် သူ၏ ရွံ့ရှာဖွယ်သဘာဝကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။

ဇာတ်ကြောင်းနဲ့ မကိုက်ညီသော်လည်း ထိုလူက ပေါ်လာလေပြီ။ စုယန်သည် သူ့၏ နံပါတ်တစ် လက်ပါး‌စေကို အေးစက်စွာ မဆက်ဆံချင်သောကြောင့် ဖန်ရှီ့ကို ပြုံးပြပြီး တုံ့ပြန်လိုက်၏။

ဖန်ရှီ၏ အသွင်အပြင်နှင့် စုယန်၏ထူးဆန်းသော စိတ်ထားကြောင့် ကျောက်စိမ်းအိမ်တော်တံခါးရှေ့ရှိ မူလအသက်ဝင်နေသောလေထုသည် ရုတ်တရက် အေးခဲသွားသည်။ နောက်ခံဇာတ်ကောင် အသီးသီးသည် ၎င်းတို့၏အသိအကျွမ်းများနှင့်အတူ စက်ဝိုင်းငယ်တစ်ခု ဖွဲ့စည်းကာနေသည်။ ကျန်သိုင်းပညာရှင်တွေ ရောက်လာတဲ့ အချိန်အထိ အေးအေးဆေးဆေး စောင့်ဆိုင်းရင်း ကုဖေးတိအား အနှောင့်အယှက် မပေးတော့ပေ။

နေမင်းကြီး အနောက်ဘက်သို့ စောင်းသွားသည့် တိုင်အောင် ကျောက်တုံးကိုမှီ၍ စာအုပ်ဖတ်နေသော အမျိုးသမီးသည် နောက်ဆုံးတွင် မတ်တတ်ထရပ် လိုက်ပြီး လက်ထဲက စာအုပ်ကို လိပ်လိုက်သည်။ သူမသည် တံခါးရှေ့ရောက်လာသူတိုင်းကို ပေါ့ပေါ့ပါးပါး ဝေ့ကြည့်လိုက်သည်။

"အားလုံးပေါင်း ကျောက်စိမ်းခေါင်းလောင်း ခြောက်ဆယ့်ခြောက်လုံး.. ဒါဆို ပထမဆုံး အကဲဖြတ်ခြင်းကို စလိုက်ရအောင်"

သူမက ညင်သာစွာ ပြောလိုက်သည်။

"ကျောက်စိမ်းခေါင်းလောင်း ပါလာတဲ့သူတွေက မင်းတို့ရဲ့အတွင်းအားနဲ့ ငါ့ကို လာရိုက်နိုင်တယ်.. မင်းတို့ တောင်ပေါ်တက်ဖို့ အရည်အချင်းရှိမရှိ ငါဆုံးဖြတ်မယ်"

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now