အခန်း-၁၁ ဒါက စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်ပါ။

5K 947 42
                                    

Unicode

အခန်း-၁၁ ဒါက စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်ပါ။

[သူ၏ပုံစံမှာ ဝမ်းနည်းခြင်းမရှိ၊ ပျော်ရွှင်ခြင်းမရှိ...]

စုယန်သည် သူ၏ ခရီးဆောင်အိတ်နှင့် ခေါင်းစီးကြိုးကို ယူကာ ကုဖေးတိကိုဖြတ်ကျော်လျက် တံခါးအပြင်သို့ ထွက်ခါနီးတွင် ကုဖေးတိက ရုတ်တရတ် ခေါ်လိုက်သည်။

"စုယန်"

ထိုလူငယ်‌လေးသည် မျက်နှာကိုမော့ကာ ကြယ်များကဲ့သို့ တောက်ပသော မျက်လုံးများဖြင့်
သူ့ကို ကြည့်လိုက်သည်။

သူ့အသံက အရမ်းတိုးနေပေမယ့် သူ့စကားတွေက အလွန်ရှင်းလင်းပါသည်။

"မနေ့ညက ကိစ္စကို ဖုံးကွယ်ထားမိတဲ့အတွက် အလေးအနက် တောင်းပန်ပါတယ်"

စုယန် အံ့အားသင့်သွားသည်။

ဇာတ်ညွှန်း၏ဇာတ်ကောင်အရ ကုဖေးတိသည် အမှန်တကယ်ပင်သန့်ရှင်းပြီး ပွင့်လင်းကာ အမှောင်ဘက်ခြမ်းမရှိသည့် ဇာတ်ကောင်တစ်ဦး ဖြစ်ကြောင်း ချက်ချင်း သတိရမိသည်။ သူသည် အလွန်ထက်မြက်သော်လည်း မာနကြီးခြင်း သို့မဟုတ် ကျေနပ်ခြင်းမရှိခဲ့ဘဲ အခြားသူများထက် ပို၍ပင် အလုပ်ကြိုးစားသူဖြစ်သည်။ ငယ်ရွယ်စဉ်အခါက အမှားတွေလုပ်မိရင်တောင် ဝန်ခံပြီး တာဝန်ယူရဲတဲ့ သတ္တိရှိသူဖြစ်သည်။ သူသည် အမှန်တရား၏
သင်္ကေတ ဖြစ်သကဲ့သို့ပင်။

ယခုကဲ့သို့ပင် ကုဖေးတိသည် မိစ္ဆာဂိုဏ်း၏ သခင်ငယ်ကို သဘောမကျသေးကြောင်း ရှင်းရှင်းလင်းလင်း သိသာထင်ရှားသော်လည်း သူသည် ရေသာခိုမနေဘဲ ပြစ်ဒဏ်ကို ခံယူနေဆဲဖြစ်ပြီး သူ့အား အလေးအနက် တောင်းပန်ခဲ့သည်။

ဒီလိုမျိုး ကုဖေးတိနဲ့ ရင်ဆိုင်ရင်း စုယန် ရုတ်တရက် စိတ်မသက်မသာ ဖြစ်သွားရ၏။

သူ့အား ဒီလို ရိုးသားလှတဲ့ မျက်လုံးများဖြင့် ကြည့်နေသော ထိုလူငယ်လေးကို လှောင်ပြောင်ရန်
သူ မည်သို့ ရက်စက်နိုင်မည်နည်း။

ထိုလူငယ်လေးအား သူ့ရင်ခွင်ထဲ ဆွဲသွင်းပြီး ခေါင်းကို ထပ်ခါထပ်ခါ ပွတ်သပ်ပေးဖို့ပင် တွေးနေမိသည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now