အခန်း-၁၃ ဘယ်သူက ပထမလဲ?

4.9K 966 22
                                    

Unicode

အခန်း-၁၃ ဘယ်သူက ပထမလဲ?

[ဒီလိုမျိုး ဇာတ်ကွက်ရှိပါသလား? ဘယ်ကပါလဲ..?]

စုယန်သည် အလွန်နှစ်ခြိုက်စွာ အိပ်မပျော်နေပါ။ အကြောင်းအရာတွေအများကြီး သူ့စိတ်ထဲ၌ ပြေးလွှားနေတာကတစ်ကြောင်း ကျောက်တုံး သစ်တောထဲရှိ နေရောင်က တောက်ပလွန်းတာကြောင့် တစ်ကြောင်း သူအရမ်း ပင်ပန်းနေတယ်ဆိုရင်တောင် ဒီလိုအခြေအနေမျိုးမှာ ကောင်းကောင်း အိပ်မပျော်နိုင်မှာ သေချာပါသည်။

ကုဖေးတိ၏ခြေသံများ နီးကပ်လာသည်နှင့်အမျှ စုယန်
သူ့မျက်လုံးများကို ဖွင့်လိုက်သည်။

သူသည် တည့်တည့်မတ်မတ်ထိုင်လိုက်ပြီး ထွက်ပေါက်ကို ပထမဆုံးရောက်ရှိလာသော ကုဖေးတိအား လုံးဝ အံ့သြခြင်းမရှိပါချေ။

ဇာတ်ညွှန်းတွင် ဇာတ်လိုက် ကုဖေးတိသည် အပွင့်လင်းဆုံး နှလုံးသားရှိသူဖြစ်ပြီး သိုင်းပညာအပေါ် အာရုံစိုက်လေ့ကျင့်မှုအရှိဆုံး ဇာတ်ကောင်ဖြစ်သည်မှာ သေချာပါသည်။ သူသည် ကျောက်တုံးသစ်တောထဲမှ ရုန်းထွက်ဖို့ နာရီဝက်လောက်သာ ကြာမြင့်နိုင်သည်။ ကျောက်စိမ်းအိမ်တော် တည်ထောင်ပြီးကတည်းက အမြန်ဆုံးစံချိန်ကို သူ ချိုးဖျက်နိုင်ခဲ့သည်။ ထို့ကြောင့် သူသည် ကျောက်စိမ်းအိမ်တော်သို့ ဝင်သောအခါတွင် အထူးချွန်ဆုံး အကြီးတန်းတပည့်တစ်ဦးက သူ့အား ရွေးချယ်ခဲ့ပြီး ဂရုတစိုက် ညွှန်ကြားသင်ပြခဲ့သည်။

နောက်ပိုင်းတွင် သူသည် ကျောက်စိမ်းအိမ်တော်၏ အနောက်ဘက်ရှိ ဖုံးကွယ်ထားသော ပုလဲစံအိမ်တော်သို့ မတော်တဆ မှားယွင်းဝင်ရောက်လာခဲ့သည်။ ထို့နောက်တွင် ကျောက်စိမ်းအိမ်တော်မှ တံခါးပိတ်ကျင့်ကြံနေသည့် ထက်မြက်ပြီး လျှို့ဝှက်ဆန်းကြယ်သော ဆရာသခင်တစ်ဦး၏ တန်ဖိုးမဖြတ်နိုင်သော လမ်းညွှန်မှုကို ရယူခဲ့ပြီး သိုင်းပညာတွင် အမှန်တကယ် တုနှိုင်းမမီသော သူရဲကောင်းတစ်ဦး ဖြစ်လာခဲ့သည်။

ကုဖေးတိ၏ ကြီးမြတ်သော အနာဂတ်သည် ကျောက်တုံးသစ်တောအခင်းအကျင်းမှ ထွက်လာသော အခါတွင် စတင်ခဲ့သည်ဟု ဆိုနိုင်သည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now