အခန်း-၂၃ ကျောက်စိမ်းကြေးမုံရေကန်ပေါ်၌ ကစားခြင်း။

4.4K 934 14
                                    

Unicode

အခန်း-၂၃ ‌ကျောက်စိမ်းကြေးမုံရေကန်ပေါ်၌ ကစားခြင်း။

[နောက်ဆုံးတော့ ငါ့ရဲ့သမိုင်းဝင် အ‌ရည်အချင်းကို ထုတ်ပြနိုင်ပြီ။]

စုယန် ပြုံးလိုက်ပြီး ဖန်ရှီအား ကန်လိုက်သည်။

"ဘာလဲ? ငါ အရင်တုန်းက နျန်ဖောင်နဲ့တူနေလို့လား"

ဖန်ရှီက ပဟေဠိဖြစ်စွာ မေးလိုက်၏။

"နျန်ဖောင်? အဲ့ဒါ ဘာအဓိပ္ပာယ်လဲ"

(T/N: 娘炮 <နျန်ဖောင်> မိန်းမဆန်တဲ့ယောက်ျားလို့ အဓိပ္ပာယ်ရတဲ့ တရုတ်ဘန်းစကားပါ)

စုယန် ခဏတာ နှုတ်ဆိတ်နေပြီးမှ ပြန်ပြောလိုက်သည်။

"ဘာမှမဟုတ်တော့ဘူး"

စုယန်သည် မဏ္ဍပ်လက်ရန်းကိုမှီရင်း ရေကန်နှင့် ချောက်ကမ်းပါးကို ငေးကြည့်ကာ ရေရွတ်လိုက်သည်။

"ဒီမျက်နှာကြောင့်သာ မဟုတ်ရင်... "

သခင်ငယ်၏မျက်နှာသည် မျက်လုံးထောင့်မှမှဲ့နီလေး ကဲ့သို့ အသေးစိတ်ကအစ စုယန်နှင့် အတူတူပင် ဖြစ်သည်။ သူ၏မျက်နှာကြောင့်သာမဟုတ်ပါက ဒါရိုက်တာက သူ့အား ရွေးချယ်မှာမဟုတ်ပေ။ သူသာ ဒရမ်မာ၌မပါဝင်ခဲ့ပါက ဤကမ္ဘာကြီးထဲကို ထူးဆန်းစွာ ကူးပြောင်းသွားမည်လည်းမဟုတ်ပေ။

ဤကမ္ဘာ၌ နှစ်ဝက်လောက်နေခဲ့သော်လည်း သူသည် ပိုင်ရှင်အစစ်ဟု မခံစားရပါချေ။

စုယန်၏ အထီးကျန်နေသောပုံရိပ်ကို မြင်သောအခါ ဖန်ရှီသည် အမည်မသိသော အတွေးများဖြင့် မျက်မှောင်ကြုတ်လိုက်လေ၏။

"ကျောက်စိမ်းအိမ်တော်ကနေ ပညာသင်ယူ ပြီးမြောက်တာနဲ့ မင်းရဲ့ဂိုဏ်းကိုပြန်သွားဖို့ စိတ်ပိုင်းဖြတ်ထားတုန်းလား" ဖန်ရှီက မေးလိုက်သည်။

စုယန်က ခေါင်းညိတ်ပြီး ပြောလိုက်၏။

"ငါပြန်ရမယ်"

ဖန်ရှီက လေးလေးနက်နက် ထပ်မေးလိုက်သည်။

"မင်းမပြန်ရင် ဘာဖြစ်မှာလဲ"

မပြန်ရင်လား?

သူမပြန်ရင် ဇာတ်ကြောင်းကို ဘယ်လို ဆက်သွားရမှာလဲ။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now